သတင်းများ

ကျောက်တန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံထူးချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ
Jan 13,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့်ဘက်စုံထူးချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း မှော်ဝန်းရတနာခန်းမတွင် ကျင်းပခဲ့ရာ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်သန်းဦးနှင့် ကျောင်းအုပ်ဆရာ/ ဆရာမကြီးများ၊ ဆရာ/ ဆရာမများ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/ ကျောင်းသူလေးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ညောင်ဦးမြို့နယ်နှင့် ငါ့သရောက်မြို့တို့တွင် ဆီးသီးဈေးနှုန်း (၁၀)နှစ်အတွင်း ဈေးအမြင့်ဆုံးရောင်းချနေရ
Jan 13,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်နှင့် ငါ့သရောက်မြို့တို့တွင် ယခုနှစ် ဆီးသီးသီးနှုန်းကောင်းပြီး ဆီးသီးမှည့်ချိန် ဆီးသီးတစ်တင်းဈေးနှုန်း ဆယ်နှစ်အတွင်း အမြင့်ဆုံးဈေးနှုန်းဖြစ်သည့် တစ်တင်းတစ်သောင်းကျပ် ရောင်းချနေရကြောင်း ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ အချစ်ကလေး ဆီးယို/ဆီးထုတ်လုပ်ငန်းရှင် ဦးဖိုးထောင်ထံက သိရသည်။
ကဝမြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ
Jan 13,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် အခြေခံပညာမူလတန်းလွန်(ဘူးကုန်း)ကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်(၁၀)နာရီက ကျင်းပခဲ့သည်။
သဲကုန်းမြို့နယ်၌ သက်တမ်းလွန်ဆေးဝါးနှင့်တားမြစ်ဆေးဝါးများ ဥပဒေနှင့်အညီရောင်းချမှု ရှိ/ မရှိ စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းဆောင်ရွက်
Jan 13,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၌ မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေးကော်မတီ (FDA)အဖွဲ့မှ သဲကုန်းမြို့ပေါ်ရှိဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များအား သက်တမ်းလွန်ဆေးဝါးနှင့် တားမြစ်ဆေးဝါးများ ဥပဒေနှင့်အညီရောင်းချမှု ရှိ/ မရှိကို ယမန်နေ့က လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
နွားထိုးကြီးမြို့တွင် ကျောင်းသား၊ကျောင်းသူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး တတိယအကြိမ် (Booster Dose) ထိုးနှံ
Jan 13,2023
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့တွင် အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ (၁၂)နှစ်ထိ ကျောင်းသား၊ကျောင်းသူများ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးကို ယနေ့နံနက် ၉ နာရီက သာစည်+ကန်ရွာ(အမက)၊ထန်းတောမ၊ဆေးထိုး၊ကန်ရွာသစ်၊တာပါယ်(အထကခွဲ)၊ငါ့စည်(အမက)၊ ကြာကန်(အလကခွဲ)၊ခံစပ်ကုန်း၊ဘူကိုင်း၊မြဝတီ(အထကခွဲ)၊ဇီ(အလက)၊ရွာသာအေး+ရိုးပြား(အမက)ကျောင်းတို့၌ ဆေးထိုးစုရပ်များခွဲ၍ တတိယအကြိမ် ဆက်လက်ထိုးနှံပေးခဲ့သည်။
မြင်းခြံတက္ကသိုလ်၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး‌နှင့် ယာဉ်စည်းကမ်း ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ပြုလုပ်
Jan 13,2023
မန္တလေးတိုင်းဒေသကြီး မြင်းခြံတက္ကသိုလ်၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီး ကာကွယ်ရေး‌နှင့် ယာဉ်စည်းကမ်း ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် (၁၀) နာရီ အချိန်က မြင်းခြံတက္ကသိုလ် Theatre ခန်းမတွင် ပြုလုပ်ခဲ့သည်။
ညောင်ဦးမြို့၌ ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသား ပြည့်စုံစွာ ပါရှိရန် လိုက်နာ ဆောင်ရွက်ရေး စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး ဟောပြော
Jan 13,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် အမှတ်(၁)ရပ်၊ ရွှေကုန်း ရပ်ကွက်ဓမ္မာရုံတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသား ပြည့်စုံစွာ ပါရှိရန် လိုက်နာဆောင်ရွက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး တွေ့ဆုံ၍ ပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရာတွင် ကြုံတွေ့ရသည့် အားနည်းချက်အားသာချက်များနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jan 13,2023
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ် Working Group မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူရေးလုပ်ငန်းတွင် ကြုံတွေ့ရသည့်အားနည်းချက် အားသာချက်များနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ(၃)နာရီခွဲအချိန်က စမ်းချောင်းမြို့နယ် မြေနီကုန်း(မြောက်)ရပ်ကွက်၊‌ ဇေတဝန်ဘုန်း‌‌တော်ကြီးကျောင်းဓမ္မာရုံတွင် မြို့နယ်အထွေထွေအုပ်ချုပ်‌‌ရေးဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချပ်‌‌ရေးအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများဖြင့်  ကျင်းပခဲ့ကြောင်း သိရသည်။