ကော့မှူး ဇန်နဝါရီ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့ နံနက်၁၁နာရီက စာပေချစ်မြတ်နိုးသူများ Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်း အားကျင်းပခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က မြို့နယ်အတွင်းရှိ စာပေဝါသနာရှင်များနှင့် လူငယ်လူရွယ်များ အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်း များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် စာပေချစ်မြတ်နိုးသူများအသင်းမှ Book Club အဖွဲ့ဝင် ဒေါ်ကြင်သန်းက စာရေးဆရာလွင်သူဦး ရေးသားသည့် “တိုင်းပြည်တည်ဆောက်ခြင်းအနုပညာ” စာအုပ်မှ အကြမ်းထည်မှ အချောထည်သို့ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မမို့မို့ကျော်မှ ရှေ့သို့အရွေ့ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မမီမီကျော်က တိုင်းပြည်တည်ဆောက်ခြင်း အနုပညာခေါင်းစဉ်တို့ဖြင့် ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ Book Club အဖွဲ့ဝင် ဒေါ်ကြင်သန်းက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး စာပေချစ်မြတ်နိုးသူများ ကစာအုပ်ပါ အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)