သတင်းများ

ကျောက်ဖြူမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက် Mobile Library ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး
Jan 13,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးဝန်ထမ်းများက ယနေ့နံနက်ပိုင်းကရွေ့လျားစာကြည့်တိုက် Mobile Library ဖြင့် ကျောက်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနရုံးသို့သွားရောက်၍ စာအုပ်စာစောင်များအား အခမဲ့ငှားရမ်းခဲ့ကြသည်။
ကန့်ဘလူမြို့၌ အခြေခံစားသောက်ကုန်များ စျေးနှုန်းချိုသာစွာရောင်းချ၊ အခမဲ့ကျန်းမာရေး စောင့်ရှောက်ခြင်းများ ဆောင်ရွက်ပေး   
Jan 13,2023
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် ရပ်ကွက်နေပြည်သူများ အခြေခံ စားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဥ်ဆောင်ရွက်မှုဖြင့် ယနေ့နံနက် ၇ နာရီက စည်ပင်သာယာခန်းမ၌ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အနာဂတ်ခေါင်းဆောင်လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး အစိုးရနည်းပညာအထက်တန်းကျောင်း(ဘားအံ)၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပ
Jan 13,2023
နိုင်ငံတော်ဖွံ့ဖြိုးတိုတက်ရေးလုပ်ငန်းများတွင် ကြီးမားသောလူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့် အနာဂတ်ခေါင်းဆောင်လူငယ်များ ဘက်စုံဖွံ့ဖြိုးရေး၊ ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အစိုးရနည်းပညာအထက်တန်းကျောင်း(ဘားအံ)တို့ ပူးပေါင်းကျင်းပသည့်
မော်လမြိုင်ကျွန်းမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပ
Jan 13,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊‌ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာ‌ပေး ဟောပြောပွဲအား ယမန်နေ့နေ့လည် ၁:၃၀ နာရီအချိန်က အနောက်တောင်တိုင်းစစ်ဌာနချုပ်နယ်မြေ၊ အမှတ်(၅၃၄)ခြေမြန်တပ်ရင်း၊ တပ်တွင်း အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပသည်။
ဆင်ပေါင်ဝဲမြို့ အခြေခံပညာအထက်တန်းကျောင်း ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ ကျင်းပ
Jan 13,2023
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့ အခြေခံပညာအထက်တန်းကျောင်း ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်းခန်းမတွင် ကျင်းပခဲ့သည်။
ဆိပ်ဖြူမြို့နယ်၌ စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများတိုးချဲ့ စိုက်ပျိုး‌နေမှုကွင်းဆင်းကြည့်ရှု
Jan 13,2023
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်အတွက် စားသုံးဆီဖူလုံရေးအတွက် ဆောင်းနေကြာ စိုက်ပျိုးဆောင်ရွက်ထားရှိမှုနှင့် အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေများကို ဇန်နဝါရီ ၁၂ ရက်နေ့က ပခုက္ကူခရိုင် စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေး ကော်မတီဝင်များက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
မိုင်းယန်းမြို့ လူထုအခြေပြုဗဟိုဌာန၌ အသိပညာပေးဟောပြောပွဲနှင့် ဒေသဖွံ့ဖြိုးရေးလှုပ်ရှားမှုမှတ်တမ်း ဓာတ်ပုံပြပွဲကျင်းပ
Jan 13,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ (Community Centre)ခန်းမ၌ အသိပညာပေးဟောပြောပွဲနှင့် ဒေသဖွံ့ဖြိုးရေးလှုပ်ရှားမှုမှတ်တမ်း ဓာတ်ပုံပြပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပသည်။
ပင်လောင်းမြို့နယ် အထက (၁)ကျောင်း၌  ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်အခမ်းအနားကျင်းပ
Jan 13,2023
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၏  ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းခန်းမ၌ ကျင်းပသည်။