ကျွန်းလှမြို့နယ်၌ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
May 28,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ သစ်တောဦးစီးဌာန၏ စီစဉ်မှုဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရန်၊ ရာသီဥတု ကောင်းမွန်မျှတစေရန်၊ သစ်ပင်သစ်တောများ၏ အကျိုးကျေးဇူးများ သိရှိစေရန်ရည်ရွယ်၍ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကို ယနေ့ နံနက် ၇ နာရီခွဲက သီတဂူဗုဒ္ဓ တက္ကသိုလ် (ကျွန်းလှ)၌ ကျင်းပကြောင်း သိရသည်။