ကျောက်တော်မြို့၌ ၂၀၂၂ ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော် အခမ်းအနားကျင်းပ

ကျောက်တော် မေ ၂၈

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ကျောက်မြို့နယ်အတွင်းရှိပြည်သူများအနေဖြင့် သစ်တောသစ်ပင်များ၏တန်ဖိုးကို အလေးထားသိရှိနားလည်နိုင်စေရေးနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေ ရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒအကျိုးများရရှိစေရေး တို့ကိုရည်ရွယ်၍ မြို့နယ်သစ်တောဦးစီးဌာနမှယနေ့နံနက်(၈) နာရီခွဲအချိန်က ကျောက်တော်တောင်ဘုရား အဝင်တောင်တက်ကားလမ်းလက်ယာဘက်တောင်ခြေရင်းအတွင်း၌၂၀၂၂-ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားအားကျင်းပပြုလုပ်ခဲ့သည်။

 အဆိုပါအခမ်းအနားသို့ ကျောင်တော်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စွာညွှန့်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်မှ အရာရှိ၊ အရာခံ၊ တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊လူမှု ရေးအသင်းအဖွဲ့များတက်ရောက် ကြသည်။

ရှေးဦးစွာ ကျောက်တော်မြို့နယ် သစ်တောဦးစီးဌာနမှ  ဦးစီးအရာရှိနှင့်ဝန်ထမ်းများမှ အမြင့်( ၂)ပေနှင့်အထက်ရှိသောမန်ဂျန်ရှားပျိုးပင်(၃၀၀)အားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များအား ပေးအပ်ခဲ့သည်။ ထို့နောက် မိုးရာသီအကြိုသစ်ပင်စိုက်ပွဲသို့ တက်ရောက်လာသော မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများက ပျိုးပင်များအားလက်ခံရယူခဲ့ကြပြီးသက်မှတ်နေရာများတွင် ပျိုးပင်များအားတပျော်တပါးစိုက်ပျိုးပေးခဲ့ရာ မိုးရာသီ အကြို စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော် အထိမ်းအမှတ်အဖြစ် မန်ဂျန်ရှား(၃၀၀)ပင်အား တပျော်တပါး စိုက်ပျိုးပေးခဲ့ကြကြောင်းသိရသည်။

ခင်မောင်ထွန်း