လွိုင်ကော် မေ ၂၈
ကယားပြည်နယ် ၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကယားပြည်နယ်၊ လွိုင်ကော်မြို့ ၊ ပြည်နယ်ခန်းမ၌ကျင်းပခဲ့ရာ ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ၊ တိုင်း မှူး ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများ ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်) ၊ ဒေသကွပ်ကဲရေးမှူး ၊ ဌာနဆိုင်ရာ များ ၊ ကျောင်းအကျိုးတော်ဆောင်များ ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား ၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ၊ ကျောင်းသူများက “တိုင်း/ပြည်နယ်အားလုံး ကျောင်းအပ်ပါစို့ကွယ်” သီချင်းသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ် နိုင်ရေးအတွက် ဘက်ပေါင်းစုံမှစီစဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း ၊ ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အနေဖြင့် အမျိုးသားပညာရး မဟာဗျူဟာစီမံကိန်းကိုရေးဆွဲခဲ့ပြီး ပညာရေးမူဝါဒများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ပြည်သူတစ် ရပ်လုံးက ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ၊ အခြေခံပညာရေးကဏ္ဍတိုးတက်ဖွံ့ဖြိုးရန်လိုအပ်ကြောင်း ၊ နိုင်ငံတော်တည်ဆောက်ရေးတွင် နိုင်ငံ သားများ၏ ပညာရည်မြင့်မားရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အနာဂတ် မျိုးဆက်သစ်များကို မွေးထုတ်ပေးရသည့် ဆရာ၊ဆရာမများ၏ အခန်းကဏ္ဍသည်အရေးပါကြောင်း ၊ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်ဖြစ်ကြောင်း ၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှစ၍ သင်ရိုးသစ်စတင်မည်ဖြစ်ပြီး အခမဲ့ပညာရေးစနစ်ကို အကောင်ထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းသား ၊ ကျောင်းသူများ အတန်းပညာ ၊ အတတ်ပညာနှင့်အသိပညာများမြင့်မားလာ စေရေးအတွက် သက်ဆိုင်ရာဌာနများ ၊ ဆရာ ၊ ဆရာမများ ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများက ပူးပေါင်းပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ ကယားပြည်နယ် ပညာရေးမှူးရုံး ၊ ညွှန်ကြားရေးမှူး ဒေါက်တာကျော်လွင်က ပြည်နယ်အတွင်း ကျောင်းများဖွင့်လှစ်မှုနှင့် ကျောင်းအပ်နှံမှုအခြေအနေများ ၊ အခမဲ့ပညာရေးစနစ် အကောင်အထည်ဖော် ဆောင်ရွက်နေမှု ၊ အမျိုးသားပညာရည် မြင့်မားရေး လုပ်ငန်းစဉ်များအရ ဆရာ ၊ ဆရာမများ၏အရည် အသွေးပြည့်မီစေရန် ဆောင်ရွက်ပေးနေမှု ၊ကျောင်းသား ၊ ကျောင်း သူများ၏ သင်ယူတတ်မြောက်မှုကိုနည်းစနစ်သစ်များဖြင့် စစ်ဆေးတိုင်းတာမည့် သင်ကြားရေးဆိုင်ရာ နည်းလမ်းများကို ရှင်း လင်းပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ကသင်ရိုးသစ် Grade-5 ၊ Grade-8 နှင့် Grade-11 ကျောင်းသုံးပုံနှိပ် စာအုပ်များကိုလည်း ကောင်း ၊ အရှေ့ပိုင်းတိုင်းစစ်ဌာချုပ် ၊ တိုင်းမှူးဗိုလ်ချုပ်နီလင်းအောင်က ဗလာစာအုပ် များကိုလည်းကောင်း ၊ သယံဇာတရေးရာဝန်ကြီး ဦးစောဟူးဟူးက စာရေးကိရိယာများကိုလည်းကောင်း ကျောင်းသား၊ ကျောင်းသူများအားပေးအပ်ခဲ့ပြီး ကယားပြည်နယ် ပညာရေးမှူးရုံး ၊ ညွှန်ကြားရေးမှူးက ကျောင်းအပ်နှံရေးနေ့အခမ်းအနားတွင် ဖျော်ဖြေရေးအစီအစဉ်၌ ပါဝင်ခဲ့ကြသော ကျောင်း သား ၊ ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။
ယင်းနောက် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများက ပြည်မြန်မာသီချင်း သီဆို၍ အခမ်းအနားကို ပိတ်သိမ်းခဲ့သည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျောင်းသားမိဘများနှင့် ကျောင်းသား ၊ ကျောင်းသူများအား ရင်းရင်း နှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး အခြေခံပညာဦးစီးဌာနမှ ခင်းကျင်းပြသထားသည့်ကျောင်းသား ၊ ကျောင်းသူများအား အခမဲ့ဖြန့်ဝေပေးသည့် အတန်းအလိုက် ကျောင်းသုံးပုံနှိပ်စာအုပ်များ ၊ ဗလာစာအုပ်များ ၊ စာရေးကိရိယာများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်းသိရသည်။
ပြည်နယ်(ပြန်/ဆက်)