ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၂ - ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုး

ပေါက်ခေါင်း မေ ၂၉

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင်  မြို့နယ်သစ်တောဦးစီးဌာမှ ဦးဆောင်၍ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရေး၊သစ်ပင်များစိုက်ပျိုးခြင်းဖြင့်ဒေသတွင်းအပူချိန်လျော့ကျလာစေရန်နှင့် သစ်တောသစ်ပင်ပြုန်းတီးမှုမဖြစ်‌ ပေါ်စေရေး၊သဲကန္တာရဖြစ်ထွန်းမှုတိုက်ဖျက်ရေးနှင့်ရေ၊မြေရာသီဥတုထိန်းသိမ်းရန်နှင့်ဂေဟစနစ်ပြုပြင်ထိန်းသိမ်းဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ၂၀၂၂-ခုနှစ် မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲကို  ယနေ့နံနက် ၉ နာရီက သဖန်းကိုင်းကျေးရွာအုပ်စု မင်းလမ်း-စက်တုံး ကျေးရွာချင်းဆက်လမ်းဘေး၊ရှားပြင်ကြိုးဝိုင်း၊အကွက်အမှတ်-၁၇  ၌ ကျင်းပခဲ့သည်။

အဆိုပါ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးဖြိုးသူမောင်နှင့်အဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာနမြို့နယ်ဦးစီးမှူးဦး‌နေမျိုးဝင်းနှင့်ဝန်ထမ်းများ၊မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊မြို့နယ်အမျိုးသမီး‌ရေးရာအဖွဲ့ဝင်များနှင့်မိခင်နှင့်က‌လေးစောင့်ရှောက်ရေးအသင်းဝင်များနှင့်‌ ဒေသခံပြည်သူများ စုစုပေါင်းအင်အား ၈၈ ဦးခန့်ဖြင့် ကျွန်း ၉၀ ပင်၊ ပိတောက် ၁၅ ပင်၊ ပျဉ်းကတိုး ၁၅ ပင်၊ယင်းမာ ၁၅ ပင်၊ရေတမာ ၁၅ ပင်၊စိန်ပန်း ၂၀ ပင်၊ဗန်ဒါ ၁၅ ပင်၊ကသစ် ၁၅ ပင်၊စုစု‌ ပေါင်းသစ်ပင် ၂၀၀ အား စုပေါင်းစိုက်ပျိုးခဲ့ကြောင်းသိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)