ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ်အတွင်း ကျောင်းသား/ ကျောင်းသူများ ကျောင်းအပ်နှံခြင်းဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုအားပေး

ပဲခူး မေ ၂၈

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုး‌ဆွေဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးတို့နှင့်အတူ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် မေ ၂၈ ရက် နံနက်ပိုင်းက ပဲခူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား/ကျောင်းသူများ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကျောင်းအပ်နှံခြင်း လက်ခံဆောင်ရွက်ပေးနေမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုး‌ဆွေဝင်းနှင့် တာဝန်ရှိသူများအဖွဲ့သည် ပဲခူးမြို့နယ် အမှတ်(၁) အခြေခံပညာအ ထက်တန်းကျောင်းသို့ ၊ရောက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်လက်ခံခြင်းဆောင်ရွက်ပေးနေမှုများအား ကြည့်ရှုအားပေးကာ ကျောင်းသား၊ ကျောင်းသူများအတွက် စာရေးကိရိယာများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သက်ဖြိုးကြိုင် ( ပြန်/ဆက်)