သာပေါင်းမြို့နယ်တွင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့(၃၂၀၀၀၀)ကျပ်တန်ဖိုးရှိ ဆန်၊ ဆီ၊ ဆား၊ ပဲများ လှူဒါန်းထောက်ပံ့

သာပေါင်း ဇွန်  ၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ သာ‌ပေါင်းမြို့၊ အမှတ်(၂)ရပ်ကွက်၊ ဘောလုံးကွင်းလမ်းရှိ ဝံသပါလ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က ဆန်၊ ဆီ၊ ဆား၊ ပဲ(၃၂၀၀၀၀)ကျပ်တန်ဖိုးရှိ လှူဒါန်းထောက်ပံ့ခဲ့ကြသည်။
ထိုသို့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ ဆန်၊ ဆီ၊ ဆား၊ပဲ လှူဒါန်းထောက်ပံ့နိုင်ရေးအတွက်မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့နှင့်ဌာနဆိုင်ရာများ စုပေါင်းထည့်ဝင်လှူဒါန်းငွေ (၃၂၀၀၀၀) ကျပ် တန်ဖိုးရှိ ဆန်၊ ဆီ၊ ဆား၊ ပဲ တို့ကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌဦးမင်းဧရာထိုက်၊ အတွင်းရေးမှူးမြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ကျော်ခိုင်စိုး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးအောင်ကျော်သိန်း၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီး အရာရှိဦးဇော်ဝင်းအောင် တို့ကဝံသပါလ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့သွားရောက် ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း (သာပေါင်း ပြန်/ဆက်)