"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်၌ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ဟိုပန် ဇွန် ၂

၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်အတွက် "ဝ"ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်အတွင်းရှိ  အခြေခံပညာကျောင်းများအား  ယနေ့နံနက်မှ စတင်၍ ဖွင့်လှစ်သင်ကြားခဲ့သည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ဟိုပန်မြို့နယ်အတွင်းရှိ အထကကျောင်း(၃)ကျောင်း၊ အထက(ခွဲ)ကျောင်း(၂)ကျောင်း၊ အလကကျောင်းတစ်ကျောင်း၊ မူလွန်(၈)ကျောင်း၊ အမက (ခွဲ) (၄)ကျောင်း၊ အမကကျောင်း(၂၄)ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း တစ်ကျောင်း စုစုပေါင်း အခြေခံပညာကျောင်း(၄၃)​ ကျောင်းဖွင့်လှစ်ခဲ့ကြောင်း ဟိုပန်မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဟိုပန်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိရာ ကျောင်းသား/သူများ လုံခြုံမှုရှိစေရန်နှင့် စိတ်အေးချမ်းသာယာစွာ ပညာသင်ကြားနိုင်ရေးအတွက် ဟိုပန်မြို့နယ်ပညာရေးမှူး ဦးဝင်းလှိုင်မှ အနီးကပ်စီစဉ်ကြီးကြပ်၍ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပူးပေါင်း၍ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ဇင်ဇင်(ပြန်/ဆက်)