မိတ္ထီလာမြို့နယ်တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

မိတ္ထီလာ ဇွန် ၂

မိတ္ထီလာမြို့နယ်တွင် ၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ယနေ့ဇွန်လ ၂ ရက်နေ့တွင် စတင်ဖွင့်လှစ်ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများတွင် ကျောင်းသူကျောင်းသားများ အေးချမ်းပျော်ရွှင်စွာဖြင့် ပညာသင်ယူလျက်ရှိကြောင်းသိရသည်။

မိတ္ထီလာမြို့နယ်အတွင်းမှာ အခြေခံပညာကျောင်း ၂၆၇ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၁၉ ကျောင်းနဲ့ ကိုယ်ပိုင်ကျောင်း ၁၉ ကျောင်းရှိပြီး ဒီနေ့ ဇွန်လ၂ ရက်နေ့မှာ ကျောင်းတွေအားလုံး စတင်ဖွင့်လှစ်တာဖြစ်ပါတယ်။ ကျောင်းစတင်ဖွင့်လှစ်တဲ့ ဒီနေ့မှာ ကျောင်းတိုင်းမှာ ကျောင်းသူကျောင်းသားတွေ အေးချမ်းပျော်ရွှင်စွာနဲ့ တက်ရောက်ပညာသင်ယူလျက်ရှိပြီး တာဝန်ရှိသူတွေကလည်း ကျောင်းတွေမှာ လိုက်လံစစ်ဆေးပြီးကြည့်ရှုပြီး လိုအပ်တာများကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ပါတယ်ဟု မြို့နယ်ပညာရေးဌာနမှ  တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကျောင်းများစတင်ဖွင့်သည့်နေ့ဖြစ်၍ ကျောင်းသူကျောင်းသားများ၏ မိဘအုပ်ထိန်းသူများက ၎င်းတို့၏ သားသမီးကျောင်းသားကျောင်း သူများအား ကျောင်းများသို့ စောင့်ရှောက်လိုက်ပါပို့ဆောင်ပေးကြောင်းသိရသည်။

ချမ်းသာ