မိုင်းဖြတ်မြို့နယ် သစ်တောဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးပျိုးပင်များ(အခမဲ့) ဖြန့်ဝေပေး

မိုင်းဖြတ် ဇွန် ၂

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးနှင့် ရာသီဥတုများညီညွှတ်မျှတစေရန် ရည်ရွယ်ပြီး သစ်ပင်ပျိုးပင်များကို (အခမဲ့) ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် ၂၀၂၂ ခုနှစ် မိုးရာသီ လူထုဖြန့်ပျိုးပင်များကို တပ်ရင်းတပ်ဖွဲ့များ အတွက်(၇၇၀၀)ပင်၊ ဌာနဆိုင်ရာဖြန့်ဝေရန်အတွက် (၃၀၀၀)ပင်၊ ကျေးရွာအုပ်စုများအတွက် (၁၂၀၀၀)ပင်၊ စုစု​ပေါင်း ပျိုးပင် (၂၂၇၀၀)ပင် ပျိုး​ထောင်စိုက်ပျိုးထားရှိကြောင်း သိရသည်။ ထိုပျိုးပင်များကို တပ်ရင်းတစ်ရင်း လျှင်(၇၀၀)ပင်၊ ဌာနဆိုင်ရာ တစ်ဌာနလျှင် (၃၀၀)ပင်၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စုတစ်စုလျှင် (၈၀၀)ပင် နှုန်း​ဖြင့် အခမဲ့ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ အခမဲ့ဖြန့်ဝေပေးမည့် ပျိုးပင်များမှာ ကျွန်း၊ မယ်ဇလီ၊ မန်ဂျန်ရှား၊ ခရေ၊ စိန်ပန်းပြာ၊ ငုစပ်၊ ကသစ်ပျိုးပင်များဖြစ်ကြောင်း၊ မေလ ၁ ရက်နေ့မှ စတင်၍ မိုးရာသီကာလအတွင်း အချိန်မှီစိုက်ပျိုးနိုင်ရန် အတွက် အခမဲ့ဖြန့်ဝေနေပြီဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှသိရသည်။

သန်းထွန်း​အေး