နတ်တလင်း ဇွန် ၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလွန်နှင့် မူလတန်းကျောင်းများမှ အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် စာသင်ကျောင်း အခြေပြုကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ယမန်နေ့နံနက်ပိုင်းမှ စတင်၍ သက်ဆိုင်ရာ စာသင်ကျောင်း ဆေးထိုးစုရပ်များအလိုက် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ကာကွယ်ဆေး ထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထားသည့် စည်းကမ်းချက်များနှင့် မိဘအုပ်ထိန်းသူ၏ သဘောတူညီချက် ရရှိမှသာ ထိုးနှံပေးခဲ့ခြင်းဖြစ်ပြီး နတ်တလင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူ စုစုပေါင်း (၆၂၉၁)ဦးကို မိဘများ၏ဆန္ဒအရ ဆေးတစ်လုံးလျှင် (၅)ဦး ထိုးနှံရသည့် Sinopharm ဆေးအမျိုးအစားကို ထိုးနှံပေးခဲ့သည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ၊ ဆရာမများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ဝေယံဖြိုး