မရမ်းကုန်း ဇွန် ၃
မိုးရာသီကာလသို့ ရောက်ရှိလာပြီဖြစ်သောကြောင့် သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်နိုင်ရေး အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ်(၁)ရပ်ကွက်အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် လမ်းအလိုက်နေအိမ်များအတွင်း ပိုးလောက်လန်းပေါက်ဖွားနိုင်သော နေရာများ စစ်ဆေးခြင်း၊ အဘိတ်ဆေးခတ်ခြင်းများနှင့် အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်းကို မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ခေမာအောင် ပရဟိတအဖွဲ့၊ မြတ်ကု သိုလ်ပရဟိတ အဖွဲ့များနှင့် ရပ်မိရပ်ဖများ ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အေးအေးအောင်