မန္တလေးခရိုင် လူထုအခြေုပြုဗဟိုဌာနတွင် အိမ်တွင်းမှုဝင်ငွေတိုး ဖဲပြားကလစ်ပြုလုပ်နည်းသင်ကြားပြသ

မန္တလေး ဇွန် ၃

မန္တလေးခရိုင် ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Women Club တို့ပူးပေါင်း၍ အိမ်တွင်းမှုဝင်ငွေတိုးဖဲပြားကလစ်ပြုလုပ်နည်းကို ယနေ့နံနက်(၁၁)နာရီက လူထုအခြေုပြုဗဟိုဌာန သင်တန်းခန်းမတွင် ပြုလုပ်ကျင်းပသည်။

အခမ်းအနားတွင် မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါ်မြင့်မြင့်သန်းက အမျိုးသမီးများ မိမိတို့အားလပ်ချိန်အတွင်း အပိုဝင်ငွေရရှိစေရန်၊ မိမိကိုယ်တိုင်အသုံးပြုရန်အတွက်ဝယ်ယူခြင်းမပြုဘဲ ကုန်ကျစရိတ်သက်သာစေရန်၊ အိမ်တွင်းလက်မှုပညာကိုတတ်မြောက်ခြင်းအားဖြင့် တီထွင်ကြံဆတတ်သည့်စိတ်ကူးဉာဏ်ရင့်သန်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် သင်ကြားပြသပေးခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးပါသည်။

ထို့နောက် သင်ကြားပြသပေးသူဒေါ်ယမုံဦးက ဖဲပြားအရောင်ရွေးချယ်နည်းများ၊ ဖဲပြားအလှပြုလုပ်ပုံအဆင့်ဆင့်နှင့် ကလစ်တွင်တပ်ဆင်နည်းများအကြောင်းကို ပြုလုပ်ပြသခဲ့ကြောင်း သိရသည်။

မြင့်မြင့်သန်း