မြို့သစ် ဇွန် ၇
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြိုနယ်တွင် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်အတွက် ဆရာ၊ ဆရာမများအား စွမ်းဆောင်ရည်မြင့်မားစေရေး လုပ်ငန်းခွင်အကြိုရက်တိုသင်တန်းကို ဇွန်လ၄ရက်နေ့မှ စတင်ဖွင့်လှစ်ပို့ချပေးလျက်ရှိရာ ယမန်နေ့ ညနေပိုင်းက အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်း (ရတနာခန်းမ)၌ ကိုယ်ကာယလေ့ကျင့်ခန်း သင်ခန်းစာကို စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါလုပ်ငန်းခွင်အကြိုရက်တိုသင်တန်းတွင် မြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းများမှ ဆရာ၊ ဆရာမ (၁၃၆)ဦးတို့ တက်ရောက်လျက်ရှိပြီး သင်တန်းနည်းပြဆရာ၊ ဆရာမ ၄ ဦးက မူလတန်းအဆင့် ဆရာ၊ ဆရာမများ လိုက်နာကျင့်သုံးအပ်သော စည်းကမ်းများ၊ ခွင့်အမျိုးစားများ၊ လုပ်ငန်းခွင်၌ လိုက်နာရမည့် စည်း မျဉ်းစည်းကမ်းများ ဘဏ္ဍာရေးစည်းကမ်းများနှင့် ကိုယ်ကာယလေ့ကျင့်ခန်းတို့အား စာတွေ့၊ လက်တွေ့သင်ကြားပို့ချပေးနေပြီး သင်တန်းကို ဇွန်လ (၁၀)ရက်နေ့အထိ ပို့ချပေးသွားမှာဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။
သန်းဝင်းထွန်း(ပြန်ဆက်)