ရှမ်းရွာသစ်မြို့၊မဲသမူးကျေးရွာတွင် အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား/သူများအား ပထမအကြိမ်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေး

ရှမ်းရွာသစ်    ဇွန် ၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူများ ကိုဗစ်-၁၉ရောဂါကင်းဝေးစေပြီး ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ရေး ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို စဉ်ဆက်မပြတ် ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်တွင် ရှမ်းရွာသစ်မြို့၊ မဲသမူးကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါကာကွယ် ဆေး ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းတွင် မြို့အုပ်ချုပ်ရေးမှူးဦးနိုင်ဝင်းအောင်မှကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး ကျန်းမာရေးဝန်ထမ်းများနှင့် ဆရာ/မများက ကိုဗစ်-၁၉ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ နှာခေါင်းစည်းများစနစ်တကျတပ်ဆင်စေခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်း၊ မှတ်တမ်းရေးသွင်းခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်းနှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး များထိုးနှံပေးပြီးနောက် ကျောင်းသား/သူများအား မိနစ်(၃၀)ခန့်အနားယူစေခြင်းများ ဆောင်ရွက် ပေးခဲ့သည်။

ရှမ်းရွာသစ်မြို့မဲသမူးကျေးရွာတွင် အသက်(၅)နှစ်မှ (၁၂)အထိ ကာကွယ်ဆေးထိုးရန် အကျုံးဝင်သည့် ကျောင်းသား/သူ(၁၃၀)ဦးရှိပြီး ကျောင်းသား/သူ (၁၀၅)ဦးထိုးနှံပြီးစီးပြီဖြစ်ရာ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသော ကျောင်းသား/ သူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ ပထမအကြိမ်ကာကွယ်ဆေးထိုးနှံပြီးသူများအားဇူလိုင်လ(၇)ရက်နေ့တွင် ဒုတိယအကြိမ်အဖြစ်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ပညာရေးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဇင်လေး(ပြန်/ဆက်)