မလှိုင် ဇွန် ၈
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ ရွှေဝါမြေ နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့် စာအုပ်ပြပွဲကို ယမန်နေ့က မြို့နယ်ပြန်/ဆက်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ စာအုပ်ပြပွဲကို ပြည်သူလူထု အသိပညာ ဗဟုသုတတိုးပွားပြီး စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် စာဖတ်သူ တိုးပွားစေရန် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်ပြပွဲ ကျင်းပခဲ့ခြင်း ဖြစ်သည်၊။ စာအုပ်ပြပွဲတွင် သုတ၊ ရသ၊ မဂ္ဂဇင်း စာအုပ်မျိုးစုံကိုပြသထားပြီး စာပေ ဖတ်ရှုလိုသူများအနေဖြင့် စာကြည့်တိုက်အသင်းဝင်လျှောက်ထားပြီး စာအုပ်များငှါးရမ်း ဖတ်ရှုလေ့လာနိုင်ကြောင်း သိရ သည် ။
အဆိုပါ စာအုပ်ပြပွဲသို့ ဒုတိယမြို့နယ် ပညာရေးမှူး ဦးရဲမြင့် ဦးဆောင်၍ ဆရာ/မများနှင့် စာပေဝါသနာရှင်များ၊ စာပေစိတ်ဝင်စားသူ လူငယ်များ လာရောက်လေ့လာခဲ့ကြကြောင်းသိရသည်။
အောင်ဌေး(မလှိုင်)