ခမောက်ကြီးမြို့ Quaratine Center မှ နေရပ်ပြန်ရွေ့ပြောင်းအလုပ်သမားများ၏ နှာခေါင်း၊ အာခေါင်တို့ဖတ်များရယူ

ခမောက်ကြီး ဇွန် ၉

ခမောက်ကြီးမြို့တွင် ယမန်နေ့က ရနောင်းမြို့မှ ရောက်ရှိလာသော နေရပ်ပြန်ရွေ့ပြောင်းအလုပ်သမား(၄၁)ဦးတို့၏ နှာခေါင်း၊ အာခေါင်တို့ဖတ်များရယူခြင်းကို ယမန်နေ့နံနက် ၁၀ နာရီ ခန့်က ခမောက်ကြီးမြို့ Quaratine Center တွင်ဆောင်ရွက်ခဲ့သည်။

အဆိုပါ စစ်ဆေးမှုပြုလုပ်ရာတွင် ကော့သောင်းခရိုင် ကျန်းမာရေးဦးစီးဌာနမှ ဓါတ်ခွဲခန်းကြီးကြပ်-၂ ဦးဇင်ကိုဦးနှင့် ကျန်းမာရေးဝန်ထမ်း (၂)ဦးသည် ခမောက်ကြီးမြို့ Quarantine တွင်ထားရှိသော ရွှေ့ပြောင်းအလုပ်သမား ကျား(၄၁)ဦးတို့သည် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိကို မော်လမြိုင်မြို့၊ အမျိုးသားဓါတ်ခွဲဌာနရှိ GeneXpert စက်ဖြင့် စစ်ဆေးရန်အတွက် နှာခေါင်း၊ အာခေါင်တို့ဖတ်များအား ရယူခဲ့ကြကြောင်း သိရသည်။

ရူပါမြင့် (ခမောက်ကြီး)