သံတောင်ကြီး ဇွန် ၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူးသိစေ ရှိစေရန်၊ လူငယ်လူရွယ်များ အကောင်းအဆိုးအမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ရန် ရည်ရွယ်၍ Book Club/ Youth Club အဖွဲ့ဝင်များက စာရေးဆရာချစ်နိုင်(စိတ်ပညာ)၏ လူငယ်အညွန့်အဖူးလေးများ အတွက်စာအုပ်အား ယနေ့နံနက် (၁၀) နာရီ အချိန်က သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ နော်လော်မူက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး နော်သင်းရီဦး (Book Club) အဖွဲ့ဝင်က စာအုပ်ပါအကြောင်းအရာတွင်ခေါင်းစဉ်ငယ်များဖြစ်သည့် အနာမခံပါက၊ ကင်းထောက် လုလင်ကျင့်ဝတ်၊စေတနာသည်ပဓာန၊ ပညာမြင့်အောင်မြှင့်ကြပါစို့၊ သင်ကြားခြင်း အတတ်ပညာ စသည့် အကြောင်းအရာများအားဖတ်ကြားဆွေးနွေး ခဲ့ပါသည်။
ဆက်လက်ပြီး နော်ယုယုခင်(Youth Club) အဖွဲ့ဝင်က ကိုယ်ပိုင်စွမ်းအားတန်ဖိုးထား၊ စာရေးဆရာဖြစ်ခြင်းသူ၊ နာရီများနှင့် ကျွန်တော်၊ အေဂျင့်နှင့်ပရော်ဖက်ရှင်နယ်များ၊ ကြောက်စရာကောင်း သောကဝေများစသည့် အကြောင်းအရာများဖတ်ကြားဆွေေးနွေးပြီး တက်ရောက်လာသော (Book Club/Youth Club ) အဖွဲ့ဝင်များက စာအုပ်ပါအကြောင်းအရာများအား အပြန်အလှန်ဖတ်ကြား ဆွေးနွေးခဲ့ကြောင်းသိရသည်။
စောမင်းသား(ပြန်/ဆက်)