ရန်ကင်းမြို့နယ်တွင်  Booster (Covid Shield)၊First dose နှင့် Second dose  (၄၁၅ )ဦးအား ထိုးနှံ

ရန်ကင်း ဇွန် ၉

ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများအား Sinopharm (sinovac) ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီး (၆)လပြည့် ပြီးသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး Booster (Covid Shield) ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံပြီးစီးရေး  ယမန်နေ့နံနက် ၉:၀၀နာရီက ရန်ကင်းမြို့နယ်၊ အမှတ် (၁၄) ရပ်ကွက်၊ မိုးကောင်းဘုရားလမ်း၊ မိုးကောင်းဆုတောင်းပြည့်စေတီတော် ဝန်းအတွင်းရှိ အရိယာဓမ္မာရုံ တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ဆက်လက်ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရန်ကင်းမြို့နယ်တွင် .၆.၂၂ ရက်နေ့အတွက် Booster (Covid Shield)ထိုးနှံသူ (၅၁)ဦး၊ First dose (Covid Shield)(၃)ဦး၊  Sinopharm အသက် ၅ နှစ်မှ အသက် ၁၂နှစ်အထိ (၃၅၅)ဦး (ကျောင်း)၊Sinopharn(၅ ) နို့တိုက်မိခင်၊ Second dose၊ Covid Shield( ၁)ဦး၊  စုစုပေါင်း (၄၁၅)ဦးအထိ ထိုးနှံပြီးကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်း ချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိပြီး န်ကင်း မြို့နယ်အတွင်း၌ ကာကွယ်ဆေး ထိုးနှံခြင်းကို သက်ဆိုင်ရာဦးစား ပေးအလိုက် ဦးတည် အုပ်စုများအလိုက်  ကိုဗစ်-၁၉ ကာကွယ်ဆေး Booster (CoviShield)ကို ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။   

ထို့အပြင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာသို့ လာရောက်ထိုးနှံကြသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့များ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက အောက်ဆီဂျင်တိုင်းတာခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်းတို့ကို ဆောင်ရွက်ပြီး ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများက စနစ်တကျ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သတင်းရရှိသည်။

အိရွှေစင်