မန်တုံ ဇွန် ၂၂
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(CommunityCentre)ခန်းမ၌ ယမန်နေ့မွန်းလွဲ(၁၂:၃၀)နာရီအချိန်က ဒို့ကျေးရွာဂျာနယ်အတွဲ (၁၉)၊ အမှတ်(၁၀)စာစောင်မှ စာရေးဆရာ ဖိုးမောင်ရေးသားသည့် “ပညာနှင့်တူသောအလင်းရောင်” ခေါင်းစဉ်ဖြင့်စာဖတ်စွမ်းရည်ပြိုင်ပွဲကို အလယ်တန်း ကျောင်းသား၊ ကျောင်းသူများနှင့် ကျင်းပခဲ့သည်။
စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် မြို့နယ်ဦးစီးမှူး ဒေါ်ယုယုအောင်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနများ၌ ကျောင်းသားလူငယ်လူရွယ်အတွက် စာဖတ်စွမ်းရည်များဆောင်ရွက်ပေးခြင်းဖြင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာအုပ်စာပေမှရရှိသော ဗဟုသုတများဖြင့် အများအကျိုးဆောင်ရွက်နိုင်စေရန်၊ လူတိုင်းစာဖတ်ခြင်း အလေ့အထဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ပြိုင်ပွဲများကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် မောင်အိုက်ကျိန်(Grade8)မှ ပညာမတတ်သူတွေဟာလောကအတွက် အန္တရာယ်ပါ၊ ပညာဟူသည်အကောင်းအဆိုး၊ အကျိုးအပြစ်၊ အမှန်အမှား၊ အရင်းအဖျား၊ အဓိကနှင့်သာမညတို့ကို ခွဲခြားတတ်ခြင်းကိုခေါ်ဆိုကြောင်း၊ မရွှေအိမ်စံ(Grade-8)မှ အကြောင်းရင်းတရားကို စဉ်းစားဆင်ခြင်၍လည်းကောင်း၊ သုံးသပ်ဝေဖန်၍လည်းကောင်း၊ အဖြေရှာကြရသည်။ ခေါင်းဆောင်ဟူသည်အရည်အသွေးရှိခဲ့သူဖြစ်ကြောင်း ထင်သာမြင်သာသော ဥပဓိအင်္ဂါရပ်များရှိ၊ မရှိကိုအကဲခတ်သိရှိနိုင်ကြောင်း အစရှိသည်များကို တက်ရောက်လာသူ ကျောင်းသား၊ ကျောင်းသူများမှ တစ်ဦးချင်းဖတ်ကြားကြပြီးခေါင်းစဉ်ပါ အကြောင်းအရာများ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
မန်တုံ(ပြန်/ဆက်)