ကော့ကရိတ်ခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာနတွင် ပြည်သူ့ဆက်ဆံရေးဘာသာရပ်သင်တန်း အမှတ်စဉ်(၁/၂၀၂၂) ဖွင့်လှစ်သင်ကြာပေး

ကော့ကရိတ် ဇွန် ၂၂

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးတွင် ပြည်သူ့ဆက်ဆံရေးဘာသာရပ်သင်တန်း အမှတ်စဉ် (၁/၂၀၂၂)အား ဇွန်လ၂၀ ရက်နေ့မှစ၍ ဖွင့်လှစ်သင်တန်းပေးလျက်ရှိရာ ယမန်နေ့ညနေပိုင်းက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူ့ဆက်ဆံရေးဘာသာရပ်အား သင်တန်းပို့ချခဲ့ကြောင်း သိရသည်။

ထိုသို့ပို့ချရာတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်လေးနွယ်က ပြည်သူ့ဆက်ဆံရေးဘာသာရပ်ဖြစ်သည့် ပြည်သူ့ဆက်ဆံရေးတစ်ဦး၏အရည်အချင်းများ ပြည်သူ့ဆက်ဆံရေးလုပ်ငန်းစဉ်နှင့် သတိပြုရမည့်အချက်များ၊ ပြည်သူ့ ဆက်ဆံရေးဆိုးကျိုးဖြစ်စေမည့် အချက်(၇)ချက်၊ ကောင်းမွန်သောပြည်သူ့ဆက်ဆံရေး စသည့် အကြောင်းအရာတို့ကို ဆွေးနွေးပို့ချခဲ့သည်။

အဆိုပါသင်တန်းတွင် ပြည်သူ့ဆက်ဆံရေးဘာသာရပ်၊ ပြည်သူ့ဆက်ဆံရေးအခြေခံဝန်ဆောင်မှုပေးခြင်းကဏ္ဍ၊ ကောင်းမွန်သောဝန်ဆောင်မှုပေးခြင်းနှင့် သုံးသပ်ဆောင်ရွက်ရမည့် အခြေအနေအရပ်ရပ်၊ ဝန်ထမ်းနှင့်ပြည်သူ့ဆက်ဆံရေး၊ လူအများနှင့်ညှိနှိုင်းဆက်ဆံခြင်းဖြင့် ဝန်ဆောင်မှုပေးခြင်း၊ မေတ္တာအပြုံးနှင့်ဂရုဏာနှလုံးသား၊ ရုံးဝန်ဆောင်မှုလုပ်ငန်းများနှင့် ပြည်သူ့ဆက်ဆံရေးကဏ္ဍ စုစုပေါင်းဘာသာရပ်(၇)မျိုးကို သင်တန်းနည်းပြ( ၇)ဦးတို့က သင်တန်းသား၊ သင်တန်းသူ(၁၃)ဦးတို့အား ဇွန် (၂၀)ရက်နေ့မှ (၂၄)ရက်ထိ (၅)ရက်တာပို့ချပေးသွားမည်ဖြစ်ကြောင်းနှင့် ကော့ကရိတ်ခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသည် အများပြည်သူနှင့်ဆက်ဆံဝန်ဆောင်မှုပေးရာတွင် ပြည်သူဆက်ဆံရေးကို သိရှိနားလည်ပြီး ဌာန၏လုပ်ငန်းများဆောင်ရွက်ရာ၌ အထောက်အကူပြုစေရန်နှင့် ကျွမ်းကျင်မှန်ကန်မြန်ဆန်မှုရှိ စေရန်အတွက်မိမိဌာနဝန်ထမ်းများအား သင်တန်းပေးရခြင်းဖြစ်ကြောင်း သိရသည်။

ခင်မျိုးဝင်း(ပြန်/ဆက်)