ကျွန်းလှမြို့နယ်၊ မဒေါင်ကျေးရွာတွင် ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း ဘက်စုံသုံးခန်းမ တည်ဆောက် ပြီးစီး

ကျွန်းလှ ဇွန် ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ လွှတ်တိုက်ကျေးရွာအုပ်စု၊ မဒေါင်ကျေးရွာတွင် ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း၊ ဘက်စုံသုံခန်းမ တည်ဆောက်ပြီးစီးကြောင်း ကျွန်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

“မဒေါင်ကျေးရွာမှာ ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်က စတင်ပြီး စွမ်းဆောင်ရည်မြှင့်တင်ရေးကဏ္ဍ၊ လူနေမှုပတ်ဝန်းကျင်မြှင့်တင်ရေးကဏ္ဍ၊ ဝင်ငွေတိုးပွားရေးကဏ္ဍ၊ ကဏ္ဍကြီးသုံးခုဖြင့် အကောင်အထည်ဖော် ဆောင်ရွက် ခဲ့ပါတယ်။ လူနေမှုပတ်ဝန်းကျင် မြှင့်တင်ရေးကဏ္ဍမှ ကျေးရွာပြည်သူများရဲ့ဆန္ဒအရ ဘက်စုံသုံးခန်းမ တည်ဆောက်ခြင်းဖြစ်ပါတယ်။ ဘက်စုံသုံးခန်မ တည်ဆောက်ပြီးစီးတဲ့အတွက် ကျေးရွာမှ ဘာသာရေး၊ လူမှုရေးနှင့် အစည်းအဝေးပွဲများ ပြုလုပ်နိုင်မည်ဖြစ်ပါတယ်”ဟု ကျွန်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ‌ဒေါ်မြင့်မြင့်ရီက ပြောပြသည်။

အဆိုပါ ဘက်စုံသုံးခန်းမ အလျား ၆၀ ပေ၊ အနံ ၂၉ ပေ ၆ လက်မ၊ အမြင့် ၁၃ ပေ ၈ လက်မ တစ်ထပ်အဆောက်အဦးကို လူနေမှု ပတ်ဝန်းကျင်မြှင့်တင်ရေး ရန်ပုံငွေကျပ်သိန်း ၂၄၀ ဖြင့် ‌ကျေးရွာစီမံကိန်းကော်မတီများက တည်ဆောက်ခဲ့ကြောင်း သိရသည်။

မျိုးဝင်းညို (ကျွန်းလှ)