နေပြည်တော် မီးသတ်ဦးစီးဌာန မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

နေပြည်တော်  ဇွန် ၂၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် မီးသတ်ဦးစီးဌာန၏ ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲတွင် ဒက္ခိဏခရိုင်၊ မီးသတ်ဦးစီးဌာနပိုင် မြေနေရာအတွင်း၌ ကျင်းပသည်။

ရှေးဦးစွာ ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူက မိုးရာသီသစ်ပင် စိုက်ပျိူးပွဲအထိမ်းအမှတ်အဖြစ် ကျွန်းပင်ကို စိုက်ပျိုးပေးခဲ့ပြီး တက်ရောက်လာကြသည့် တာဝန်ရှိသူများက အရိပ်ရအပင်များကို အသီးသီးစိုက်ပျိုးပေးခဲ့သည်။

ထို့နောက် ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူနှင့်တာဝန်ရှိသူများက သစ်ပင်စိုက်ပျိုးနေကြသည့် မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများနှင့် မိသားစုဝင်များကို ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။

ယနေ့ပြုလုပ်သော မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားတွင် ကျွန်း၊ မဟော်ဂနီ၊ ခရေ၊ ပိတောက်၊ ယေနေ၊ ကုက္ကို၊ ယင်းမာနှင့် ယူကလစ်ပင် စုစုပေါင်း အပင် (၅၀၀) စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။

အောင်ကိုကို(ခရိုင်ပြန်/ဆက်)