ကျိုက်ဒုံ ဇွန် ၂၂
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် မြို့ပြအင်္ဂါရပ်နှင့်အညီသန့်ရှင်းသာယာလှပစေရေး၊ အများပြည်သူများနှင့်ယာဉ်များ ဖြတ်သန်းသွားလာရာတွင် အဆင်ပြေစေရေး၊ မိုးရာသီကာလ၌ ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေအတွက် ကျိုက်ဒုံမြို့စည်ပင်သာယာရေးအဖွဲ့မှ(၂၀၂၂-၂၀၂၃)ခုဘဏ္ဍာရေးနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေ (၃.၉၀၀) ကျပ်သန်းဖြင့် ကျိုက်ဒုံမြို့အမှတ်(၄)ရပ်ကွက်၊တော်ဝင်လမ်း၌ (Box Culvert)တံတား(၁)စင်းဆောက်လုပ်ခြင်းလုပ်ငန်းဆောင် ရွက်ခဲ့ရာ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ အမှတ်(၄)ရပ်ကွက် တော်ဝင်လမ်း(Box Culvert)တံတား(၁)စင်းမှာ အလျား(၂၅)ပေ၊ အနံ(၃)ပေ၊အမြင့်(၂)ပေဖြစ်ပြီး ကျိုက်ဒုံမြို့စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံအငယ်တန်း အင်ဂျင်နီယာ-(၂)ဦးဟန်ဝင်းချိုမှကြီးကြပ်ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ် ကြောင်း သိရသည်။
သန်းထွန်းနိုင်(ကျိုက်ဒုံ)