တံတားဦးမြို့နယ်တွင် မြို့နယ်ပြည်သူ့စာကြည့်တိုက် ( Community Centre )ခန်းမ၌  ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းကျင်းပ

တံတားဦး ဇွန် ၂၂

ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက် ( Community Centre )ခန်းမ၌  ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းကို ယနေ့နံနက် (၁၀) နာရီက ကျင်းပကြောင်းသိရသည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သီတာခိုင်က အမှာစကားပြောကြားပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်လှလှရီက ဆပ်ပြာဆီသည် အခြေခံလူသုံးကုန်ပစ္စည်းဖြစ်သည့်အတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ဆပ်ပြာဆီပြုလုပ်လျှင် လွယ်ကူပါကြောင်း၊ ဆပ်ပြာဆီပြုလုပ်ရာ တစ်ဦးတည်းဖြင့်ဆောင်ရွက်နိုင်ပါကြောင်း၊ ဆပ်ပြာဆီသည် အဆင့်(၅)ရှိပြီး ငွေကုန်ကျမှုသက်သာ၍ ပြန်လည်ရောင်းချလျှင် အမြတ်အစွန်းရရှိပါကြောင်းပြော ကြားသည်။

ဆပ်ပြာဆီပြုလုပ်ရာတွင် ဂျယ်ထုပ်၊ ချိုမှုန့်ချောင်း၊ ဆား၊ အရောင်နှင့်အနံ့တို့အား သမအောင် (၁)နာရီကျော် ရောမွှေရကြောင်း၊ ဆပ်ပြာဆီပြုလုပ်ခြင်းအတွက်တစ်ဖုံကို ကုန်ကျငွေကျပ်(၈) ထောင် နီးပါးရှိပြီး ဆပ်ပြာဆီ(၁၅)ဗူးရရှိ၍ ပြန်လည်ရောင်းချရာတွင် တစ်ဗူးကို ငွေကျပ်(၁၀၀၀) ရရှိသည့် အတွက် အကျိုးအမြတ်ရရှိကြောင်းသိရသည်။

အဆိုပါသင်တန်းသို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်း၊ ဆပ်ပြာဆီပြုလုပ်ရန်အတွက် စိတ်ပါဝင်စားသူသင်တန်းသူ စုစုပေါင်း (၁၅)ဦး တက်ရောက်ကြကြောင်းသိရသည်။

ရဲတင့်