နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် ပျဉ်းမနားမြို့နယ် အရှေ့ခြမ်းတောင်ပေါ်ဒေသမှ ဒေသခံပြည်သူများနှင့်တွေ့ဆုံ
Jun 30,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် အရှေ့ခြမ်းတောင်ပေါ်ဒေသတွင် နေထိုင်ကြသည့် ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲကို ယနေ့နံနက်(၉)နာရီတွင် လယ်ဝေးမြို့နယ်၊ အောင်စည်လာကျေးရွာ အမှတ် (၁၇)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးမင်းနောင်၊ ဦးဇေယျာလင်း၊ ဦးမြင့်စိုး၊ ဦးကျော်သိန်းဆိုင်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ကျော်စိုးဦး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တောင်ပေါ်ဒေသမှ ဒေသခံပြည်သူများ တက်ရောက်ကြသည်။