ကော့မှူး ဇန်နဝါရီ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်တွင် အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာစွာပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဒေဝဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက အ.ထ.ကနတ်စင်ကုန်းကျောင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Booster) ထိုးနှံပေးနေကြောင်း သိရသည်။
ထိုသို့ကာကွယ်ဆေးထိုးနှံပေးရာတွင် ဦးစိုးဝင်းထွန်း(ကျန်းမာရေးမှူးအဆင့်-၁)မှကြီးကြပ်၍ သူနာပြုဆရာမများကကျောင်းသား/ ကျောင်းသူများအား ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးမထိုးနှံမီ ကျန်းမာရေးစစ်ဆေးခြင်းဆိုင်ရာအချက်အလက်များကို မိဘအုပ်ထိန်းသူများကသဘောတူလက်မှတ်ရေးထိုးခြင်း၊ မှတ်တမ်း ရေးသွင်းခြင်းများဆောင်ရွက်ပြီးမှသာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံပေးခဲ့ကြသည်။
ကော့မှူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ်ကျောင်းသား/ ကျောင်းသူများကိုသက်ဆိုင်ရာကျောင်းများအရောက်ရက်များသတ်မှတ်၍ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဌာနမှ သိရသည်။
ကျော်သူရ