အမ်းမြိုလူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး နံရံကပ်စာစောင် နှင့် ဓာတ်ပုံပြပွဲကျင်းပ

အမ်း  ဇန်နဝါရီ  ၁

ရခိုင်ပြည်နယ် အမ်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နံရံကပ်စာစောင်ဓာတ်ပုံပြပွဲကို ယနေ့နံနက်အချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ယမန်နေ့ နေ့လယ်တွင် စာအုပ်စာပေချစ်မြတ်နိုးသူလူငယ်များ လေ့လာနိုင်ရန်ခင်းကျင်းပြသ ဆောင်ရွက်ခဲ့သည်။

အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေး နံရံစာစောင်ဓာတ်ပုံပြပွဲဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမြို့နယ်ဦးစီးအရာရှိ ဦးစန်းဝင်းက ပြပွဲပြခန်းများဆောင်ရွက်ရခြင်းရည်ရွယ်ချက်များ နှင့်ပတ်သက်၍ရှင်းလင်းပြောကြားကာ လာမည့်ဖေဖော်ဝါရီလ ၁၂ ရက် နေ့တွင်ကျရောက်မည့်(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဓာတ်ပုံပြပွဲတွင် လွတ်လပ်ရေးဗိသုကာကြီးဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပန်းမှုကာလ၌ လူထုစည်းရုံးရေးလှုပ်ရှားမှုများ ဟောပြောပွဲများ နှင့်  သမိုင်းဝင်မှတ်တမ်းဓာတ်ပုံများနှင့် အတ္ထုပ္ပတ္တိများ ပြည်တောင်စုနေ့ဖြစ်ပေါ်လာပုံအမိုင်းအကျဉ်း နံရံကပ်စာစောင်ပြပွဲတွင် မူးယစ်ဆေးဝါး နှင့်စိတ်ကိုပြောင်းလဲတတ်စေတတ်သောဆေးဝါးများအန္တရာယ် အကြောင်းအရာများနှင့်၏  ကလေးအလုပ်သမားပပျောက်ရေးအတွက် ဥပဒေအကြောင်းအရာများအား ဝေဝေဆာဆာဖြင့်ပြသဆောင်ရွက်ထားရှိရာ စာပေမြတ်နိုးသူကျောင်းသား/ ကျောင်းသူများ နှင့် စာငှားစာဖတ်ပရိသတ်များက စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြပြီး မြို့နယ်ဦးစီးအရာရှိက လိုက်လံရှင်လင်းပြသခဲ့ကြောင်းသိရသည်။

 စိုးမင်းထွန်း

မြို့နယ်ပြန်/ဆက်