မန်တုံ ဇန်နဝါရီ ၁၈
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက်(၁၀)နာရီအချိန်က အထက်တန်းကျောင်းသား၊ ကျောင်းသူများနှင့် စက္ကူခေါက်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
ထိုသို့ ပြိုင်ပွဲများ ဆောင်ရွက်ပေးခြင်းဖြင့် ကျောင်းသားလူငယ်များ ပြည်သူ့စာကြည့်တိုင်ကို ပိုမိုအသုံး ပြုတတ်စေရန်၊ စိတ်ရွှင်လန်းတတ်ကြွ၍ ကျောင်းစာများအား စိတ်ဝင်စား လေ့လာကျက်မှတ်နိုင်စေရန်၊ ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ အချင်းချင်း မျှဝေလုပ်ဆောင်တတ်စေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသော အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၈)ဦးမှ ပြိုင်ပွဲ စည်းမျဉ်း၊ စည်းကမ်းများအတိုင်း ယှဉ်ပြိုင်ခဲ့ကြသည်။
မြို့နယ်(ပြန်/ဆက်)