ပျဉ်းမနားမြို့၊ ကန်ဦးကျွန်းတောကျောင်း၌ (တတိယအကြိမ်) မြို့နယ်လုံးဆိုင်ရာအသံမစဲ မဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲမင်္ဂလာအခမ်းအနားကျင်းပ

ပျဉ်းမနား ဇန်နဝါရီ 

ပြည်ထောင်စုနယ်နယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ကံဦးရပ်ကွက်၊ ကန်ဦးကျွန်းတော ကျောင်းတွင်(ကမ္ဘာသူ/ကမ္ဘာသားအပေါင်းတို့ ကပ်ကြီးသုံးပါးဘေးမှ ကင်းဝေး၍ ကောင်းကျိုးချမ်းသာ ကျက်သရေမင်္ဂလာအဖြာဖြာတို့နှင့် ပြည့်စုံပါစေခြင်းအကျိုးငှာ) နေပြည်တော်ကောင်စီမှကြီးမှူး၍ ကျင်းပပူဇော်သော ပျဉ်းမနားမြို့နယ်လုံးဆိုင်ရာ တိယအကြိမ်၊ အသံမစဲ မဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ရှေးဦးစွာ ပျဉ်းမနားမြို့နယ်စီမံအုပ်ချုပ်အဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးဝေဖြိုးနိုင်နှင့် ဧည့်ပရိသတ်များက ပျဉ်းမနားမြို့နယ် သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ မာရ်အောင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဇာဂရ မထေရ်မြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များထံမှ ပရိတ် တရားတော်များ နာယူကြည်ညိုခဲ့ကြသည်။

ဆက်လက်၍ ပျဉ်းမနားမြို့နယ်စီမံအုပ်ချုပ်အဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးဝေဖြိုးနိုင်နှင့် တာဝန်ရှိသူများက ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် ပျဉ်းမနားမြို့နယ် သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ မာရ်အောင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဇာဂရ မထေရ်မြတ်ထံမှ  အနုမော်ဒနာတရားနာကြားပြီး ရေစက်သွန်းလောင်း အမျှ ပေးဝေခဲ့ကြသည်။

ယင်းနောက် ဆရာတော်သံဃာတော်များဦးဆောင်၍ တက်ရောက်လာကြသည့် ဧည့်ပရိသတ်များက ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆု‌တောင်း၍ အခမ်းအနားအားရုပ်သိမ်းခဲ့ပြီး ပျဉ်းမနားမြို့နယ်စီမံအုပ်ချုပ်အဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးဝေဖြိုးနိုင်နှင့် ဧည့်ပရိသတ်များက ဆရာတော်သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)