သတင်းများ

လွိုင်လင်မြို့ အထက(၁)ကျောင်းတွင် ပညာရေးစုံညီပွဲတော်ကျင်းပ
Jan 17,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက်(၉)နာရီကကျင်းပရာ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ ကျောင်းသားမိဘများ၊ ကျောင်းသား/သူဟောင်းများ ဖိတ်ကြားထားသောဌာနဆိုင်ရာများ တက်ရောက်ကြသည်။
မောက်မယ်မြို့နယ်သမိုင်းဝင်ရှေးဟောင်းမောက်စံဘုန်းတော်ကြီးကျောင်းဘက်စုံပြုပြင်မွမ်းမံရန် အတွက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jan 17,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် သမိုင်းဝင်ရှေးဟောင်း မောက်စံဘုန်းတော်ကြီးကျောင်း ဘက်စုံပြန်လည်ပြုပြင်မွမ်းမံရန် အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နေ့လယ် ၂ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သဲကုန်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲ၊ အသိပညာပေးဟောပြောပွဲ ကျင်းပ
Jan 17,2023
သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (အ.မ.က)မကျီးစင်ကျောင်းတွင် ယနေ့နံနက်ပိုင်းကစာဖတ်ရှိန်မြင့်မားရေးလှုပ်ရှားမှုအဖြစ် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲ၊ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့သည်။
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် (Community Centre) ခန်းမတွင် မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာအသိပညာပေး ဆွေးနွေးပွဲ(Talk Show )ကျင်းပ
Jan 17,2023
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့နံနက် (၁၀)နာရီတွင် မူးယစ်ဆေးဝါးအကြောင်းသိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကိုဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရွှေတောင်မြို့နယ်၌ အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံ
Jan 17,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ဦးတည်အုပ်စုများအလိုက် ဦးစားပေးအစီအစဉ်အတိုင်း ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဧရာဝတီမြစ်၏ အရှေ့၊ အနောက် မြစ်ရိုးတစ်လျောက် (၅) မိုင်အတွင်း နွေ၊ မိုး၊ ဆောင်း ရာသီအလိုက် တစ်နှစ်ပတ်လုံးသီးနှံများ နှစ်သီး/သုံးသီး စိုက်ပျိုးနိုင်‌ရေး စနစ်တကျ စီမံချက်ရေးဆွဲဆောင်ရွက်ရန် တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေး
Jan 17,2023
ကချင်ပြည်နယ်အတွင်း ဧရာဝတီမြစ်၏ အရှေ့နှင့်အနောက် မြစ်ရိုးတစ်လျှောက် (၅) မိုင် အတွင်း နွေ၊ မိုး၊ ဆောင်း ရာသီအလိုက် တစ်နှစ်ပတ်လုံးသီးနှံများ နှစ်သီး/သုံးသီး စိုက်ပျိုးနိုင်ရေး၊ မြစ် ရေတင် လုပ်ငန်းများစနစ်တကျဖြင့် စီမံခန့်ခွဲဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
လှည်းကူးမြို့နယ်တွင် ကျောင်သား၊ ကျောင်းသူ(၃၉၀)ဦးအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Booster) ထိုးနှံ
Jan 17,2023
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ယူ နိုင်ရန်အတွက် ယနေ့ နံနက်(၉)နာရီက၊ လှည်းကူး အခြေခံပညာအထက်တန်းကျောင်းတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မဟာဝိဇယစေတီတော် ဗုဒ္ဓပူဇနိယပွဲတော် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲများ ကျင်းပမည်
Jan 17,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ မဟာဝိဇယစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်အား ၁၃၈၄ ခုနှစ် တပို့တွဲလဆန်း(၁၄)ရက်မှ တပို့တွဲလပြည့်ကျော်(၁)ရက်၊ ၂၀၂၃ ခုနှစ်၊ ဖေဖေါ်ဝါရီ(၃)ရက်နေ့မှ ဖေဖေါ်ဝါရီ(၅)ရက်နေ့အထိ ကျင်းပမည်ဖြစ်သည်။