သတင်းများ

ကျိုင်းတောင်းမြို့၌ ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်ကျင်းပ
Jan 17,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့ အခြေခံပညာအလယ်တန်းကျောင်း (ဝိန်းကောင်) ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အခြေခံတပ်မတော်တန်းမြှင့် လေ့ကျင်းရေးသင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တံတားမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ဝိုင်းပြုလုပ်ကျင်းပ
Jan 17,2023
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကလေးလူငယ်များ ကာယဉာဏဖွံ့ဖြိုးတိုးတက်စေရန်၊ စာအုပ်စာပေများအား လေ့လာဖတ်ရှုလိုသည့် အလေ့အကျင့်ကောင်းများရရှိလာစေရန်၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးရာမှ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ ပူးပေါင်းဆောင်ရွက်လိုသည့် စိတ်ဓာတ်များဖြစ်ပေါ်လာစေရန်၊ စာဖတ်ရှိန်မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် စာဖတ်ခြင်းအကျိုးကျေးဇူးကို သိရှိနားလည်နိုင်စေရန်ရည်ရွယ်၍ (Youth Club)အဖွဲ့ဝင် ကလေးလူငယ်များနှင့်ပူးပေါင်း၍ စာရေးဆရာဒဂုန်တာရာ ရေးသားသည့် နိုင်ငံယဉ်ကျေးမှု စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် (၈)နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ငဖဲမြို့နယ်၌ ဆောင်းသီးနှံများစိုက်ပျိုးရာသီတွင် ပဲမျိုးစုံ (၆၄၇၆)ဧက စိုက်ပျိုးပြီးစီးပြီး လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်
Jan 17,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၌ ၂၀၂၂-၂၀၂၃ ဆောင်းသီးနှံများ စိုက်ပျိုးရာသီတွင် မန်းချောင်းရေလှောင်တမံ၊ ရင်းရှည်ရေလှောင်တမံမှ ဆည်ရေများနှင့်မြေအောက်ရေတို့ကို အသုံးပြု၍ ဒေသတွင်းစားနပ်ရိက္ခာဖူလုံစေရေးအတွက် ပဲမျိုးစုံ(၆၄၇၆)ဧက စိုက်ပျိုးပြီးစီးပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကာ လျာထားချက်ထက်(၂၀၄)ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
အုတ်ဖိုမြို့တွင် လူငယ်နှင့်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ
Jan 17,2023
အနာဂတ် လူငယ်လူရွယ်များ အသိဉာဏ်ပညာ ဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း ကျင်းပသော လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့၊ အ.ထ.က အုတ်ဖိုဧရာခန်းမတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့် မိုင်းပျဉ်းမြို့နယ်ရုံး ဝန်ထမ်းများနှင့်တွေ့ဆုံ
Jan 17,2023
ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲတင့်သည် မိုင်းပျဉ်းမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre တွင် ယနေ့နံနက် ၁၀ နာရီ ၂၀ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ဝန်ထမ်းများနှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံမှ ဝန်ထမ်းများအား တွေ့ဆုံခဲ့သည်။
ခရမ်းမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း မှန်ကန်မှုရှိစေရေး(Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးလုပ်ငန်းများအား ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေး
Jan 17,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း တိကျမှန်ကန်မှုရှိစေရေး၊ လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများသို့ (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်းလုပ်ငန်းများကို ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက ယမန်နေ့ နေ့လယ်ပိုင်းအချိန်၌ ကောက်ကွက်အလိုက် ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်းကြည့်ရှု စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
မန်တုံမြို့နယ်၊ လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမ၌ “မူးယစ်ဆေးဝါးအန္တရာယ်” ခေါင်းစဉ်ဖြင့် Talk Show ဆောင်ရွက်
Jan 17,2023
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်(၀၉:၃၀)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ပုဂံမြို့ မြင်းကပါကျေးရွာ အခြေခံပညာအထက် တန်းကျောင်း(ခွဲ)၌ ကျင်းပ
Jan 17,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့ မြင်းကပါကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀နာရီအချိန်၌ ကျင်းပခဲ့ကြောင်း သိရသည်။