ကချင်ပြည်နယ်ဝန်ကြီးချုပ် ဧရာဝတီမြစ်၏ အရှေ့၊ အနောက် မြစ်ရိုးတစ်လျောက် (၅) မိုင်အတွင်း နွေ၊ မိုး၊ ဆောင်း ရာသီအလိုက် တစ်နှစ်ပတ်လုံးသီးနှံများ နှစ်သီး/သုံးသီး စိုက်ပျိုးနိုင်‌ရေး စနစ်တကျ စီမံချက်ရေးဆွဲဆောင်ရွက်ရန် တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား ဇန်နဝါရိ ၁၇

ကချင်ပြည်နယ်အတွင်း ဧရာဝတီမြစ်၏ အရှေ့နှင့်အနောက် မြစ်ရိုးတစ်လျောက် (၅) မိုင် အတွင်း နွေ၊ မိုး၊ ဆောင်း ရာသီအလိုက် တစ်နှစ်ပတ်လုံးသီးနှံများ နှစ်သီး/သုံးသီး စိုက်ပျိုးနိုင်ရေး၊ မြစ် ရေတင် လုပ်ငန်းများစနစ်တကျဖြင့် စီမံခန့်ခွဲဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ထို့သို့ လုပ်ငန်းညှိနှိုင်းဆွေးနွေးရာတွင် စိုက်ပျိုးရေးလုပ်ငန်းများစနစ်တကျဖြင့် စီမံချက်ရေးဆွဲ ဆောင်ရွက်နိုင်ရေး ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်နှင့် အညီ ကချင်ပြည်နယ်အတွင်းရှိ ဧရာဝတီ၏ အရှေ့နှင့်အနောက် မြစ်ရိုးတစ်လျှောက် (၅) မိုင်အတွင်း တစ်နှစ်ပတ်လုံး နှစ်သီး/သုံးသီးစိုက်ပျိုးနိုင်ရေး၊ မြစ်ရေတင်လုပ်ငန်းများကိုလည်း စနစ်တကျဖြင့် စီမံဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းဆွေးနွေးသွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့အပြင် ကချင်ပြည်နယ်အတွင်းရှိ အဓိကဧရာဝတီမြစ်အပြင် ချောင်းမကြီးများနှင့် အင်းအိုင်များအနီးတွင်လည်း စိုက်ပျိုးနိုင်ရေး စနစ်တကျစာရင်းကောက်ယူပြီး စိုက်ပျိုးဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ စိုက်ပျိုးဧကများပေါ်တွင် မိုးစပါးအပြင်နွေစပါးနှင့် ဆီဖူလုံမှုရှိစေရေး ဆီထွက် သီးနှံအမျိုးမျိုးကိုလည်း သီးထပ်သီးနှံအဖြစ် တစ်စိုက်မတ်မတ် စိုက်ပျိုးထုတ်လုပ်သွားရမည်ဖြစ်ပါ ကြောင်း၊ သို့ဖြစ်ပါ၍ သက်ဆိုင်ရာဌာနများအနေဖြင့် စီမံကိန်းရေးဆွဲပြီး ရည်ရွယ်ချက်များ ချမှတ်ဆောင်ရွက်မှသာ လုပ်ငန်းများလျင်မြန်စွာ ပေါက်မြောက်အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်စိုက်ပျိုးရေးကြီးကြပ်ကော်မတီ အဖွဲ့ဝင်ဌာန ဆိုင်ရာများ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက ပြည်နယ်အတွင်း ဧရာဝတီမြစ်ရိုးတစ်လျောက် (၅) မိုင်အတွင်း စိုက်ပျိုးရေးအတွက် မြေအသုံးချနိုင် မည့်အခြေအနေများ၊ စိုက်ပျိုးရေရရှိရေးအတွက် မြစ်ရေတင်စီမံကိန်းအပြင် ဆိုလာစနစ်ဖြင့် မြစ် ရေတင်လုပ်ငန်းများ ဆောင်ရွက်သွားမည့် အစီအမံများ၊ စိုက်ပျိုးဧရိယာနှင့် ရေအသုံးချနိုင်မှုအပေါ် သီးထပ်သီးနှံစိုက်ပျိုးနိုင်ရေးနှင့် မျိုးကောင်းမျိုးသန့်ရရှိရေး စီမံချက်ရေးဆွဲဆောင်ရွက်သွားမည့် အစီအစဉ်များကို အသီးသီးတင်ပြဆွေးနွေးကြရာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ပြည်နယ်အတွင်း ဧရာဝတီမြစ်အပြင် အဓိကချောင်းမကြီးများနှင့် အင်းများတွင်စိုက်ပျိုး‌ရေးအတွက် ကွင်းဆင်းဆောင်ရွက်ရမည့်လုပ်ငန်းများကို ဖြည့်စွက်သုံးသပ်ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဧရာဝတီမြစ်ရိုးတစ်လျောက်အပြင် ပြည်နယ်အတွင်းရှိ ချောင်းမကြီးများနှင့် အင်း၊ အိုင်များတွင်လည်း စိုက်ပျိုးမြေများ ဖော်ထုတ်စိုက်ပျိုးနိုင်ရေး စနစ်တကျစာရင်းကောက်ယူ၍ ရေအရင်းအမြစ်အသုံးချနိုင်မည့် အခြေအနေများကိုပါ သုံးသပ်ဆောင်ရွက်သွားကြရေးနှင့် အဓိကဆန်စပါးအပြင် တစ်ဆက်တစ်စပ်တည်းလာမည့် (၃) နှစ် နှင့်(၅) နှစ်အတွင်း ပြည်နယ်၏ဆီစားသုံးမှုဖူ လုံမှုရှိစေရေး  စီမံချက်ရေးဆွဲဆောင်ရွက်သွားရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ကချင်ပြည်နယ်အတွင်း ဧရာဝတီမြစ်ရိုးတစ်လျှောက် မြစ်ကြီးနားခရိုင်အတွင်း မြစ်ကြီးနား၊ ဝိုင်းမော်မြို့နယ်များနှင့် ဆင်ဘိုမြို့တို့တွင်လည်းကောင်း၊ ဗန်းမော်ခရိုင်အတွင်း ဗန်းမော်၊ ရွှေကူ၊ မံစီမြို့နယ်တို့တွင် လည်းကောင်း စိုက်ပျိုးနိုင်သည့် လယ်မြေ (၂၂၀၁)ဧက၊ ယာမြေ (၁၃၁၅)ဧက၊ စုစုပေါင်း (၃၅၁၆) ဧကရှိပြီး စိုက်ပျိုးမည့် အကျိုးပြုတောင်သူ (၅၅၃) ဦးရှိကြောင်း ပြည်နယ်လယ်ယာ မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှသိရှိရပြီး အလားတူပြည်နယ်အတွင်း နန့်ရင်းချောင်း၊ နန့်ကွေ့ချောင်း၊ မူလာရှီဒီချောင်း၊ တာပိန်ချောင်းစသည့် ချောင်းကြီးများတွင် စိုက်ပျိုးမြေများစွာရှိနေကြောင်း သိရှိရသည်။

ပြည်နယ် (ပြန်/ဆက်)