နမ့်ဆန် ဇန်နဝါရီ ၁၇
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့နံနက် (၁၀)နာရီတွင် မူးယစ်ဆေးဝါးအကြောင်းသိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကိုဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ Talk Show ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းထားထားလှိုင်က Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး စာရေးသူမောင်ကျေးဇူး၏ “လူငယ်တွေလမ်းမမှားနှင့် မူးယစ်ဆေးဝါးအန္တရာယ်” စာအုပ်မှ “ယစ်မျိုးငါးပါး ရှောင်ကြည်ငြား စီးပွားချမ်းသာရာ” အပိုင်းကိုသော်လည်ကောင်း ဒုတိယဦးစီးမှူး ဒေါ်နီလာဝင်းမှ “ရွံစရာမူးယစ်ဆေးဝါးဝေးမှာရှောင်ရှား” အပိုင်းကို လည်ကောင်း မူးယစ်ဆေးဝါးကိုဘုံရန်သူအဖြစ် သတ်မှတ်ကာဝေးဝေးမှရှောင်ရှားစေလိုကြောင်းနှင့် အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်သည့်အတွက် ပူးပေါင်း ပါဝင်ကြရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ်များကို အကျယ်တဝင့်ဆွေးနွေးခဲ့ကြောင်း သိရသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)