ရွှေပြည်သာမြို့နယ်တွင် အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ရွှေပြည်သာ   ဇန်နဝါရီ  ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြင့်မားစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲအခမ်းအနားကို ယနေ့နံနက်(၁၁)နာရီတွင် အမှတ်(၂၃)အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဟောပြောပွဲအခမ်းအနားအား ကျောင်းသား/သူများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး အမှတ်(၂၃)အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်မိုးဝါက အဖွင့်အမှာစကားပြောကြား၍ ရွှေပြည်သာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အေးအေးမိုးက ကျောင်းသား/သူများအား စာဖတ်ရှိန်မြင့်မားစေရန် အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက်အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာကြသော ဆရာ/ဆရာမများ၊ ကျောင်းသား/သူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော သုတ/ရသစာအုပ်၊ စာစောင်များနှင့်အသိပညာပေးနံရံကပ်စာစောင်များကို

စိတ်ဝင်စားစွာလှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

နေမျိုးထွန်း (ရွှေပြည်သာ)