ကွတ်ခိုင်မြို့နယ်၊ အထက(မြို့မ)ကျောင်းတွင်ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံပေး

ကွတ်ခိုင် ဇန်နဝါရီ ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၊ အထက(မြို့မ) အခြေခံပညာကျောင်းတွင် ကိုဗစ်-၁၉ ရောဂါ ဆက်လက်ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် အသက်(၅)နှစ်မှ(၁၂)နှစ်အရွယ် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Sinopharm)  ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီမှစ၍  ထိုးနှံပေးခဲ့ကြောင်းသိရသည်။ အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်များက အထက(မြို့မ) ကျောင်းရှိ အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကျောင်းသား/ကျောင်းသူ(၂၁၉)ဦးအား ထိုးနှံပေးခဲ့ပါသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ဆရာ၊ ဆရာမများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိပြီး သက်ဆိုင်ရာ ကျောင်းများအလိုက် ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ချစ်မျိုးဦး(ကွတ်ခိုင်)