တိုက်ကြီးမြို့နယ်အတွင်း မြေပြင်လူဦးရေစာရင်း ကောက်ယူခြင်းလုပ်ငန်းကြည့်ရှုစစ်ဆေး

တိုက်ကြီး ဇန်နဝါရီ ၁၆

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်အတွင်း မြေပြင်လူဦးရေစာရင်း ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများအား ယနေ့နံနက်ပိုင်းက တိုက်ကြီးခရိုင် / မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် တိုက်ကြီးမြို့နယ် အဖျောက်မြို့ရှိ အမှတ် () ရပ်ကွက်နှင့် ချောင်းသုံးခွကျေးရွာအုပ်စုတို့တွင် မြေပြင်လူဉီးရေစာရင်း ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများအား တိုက်ကြီးခရိုင် ခရိုင် / မြို့နယ်စီမံအုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန တိုက်ကြီးမြို့နယ် ဉီးစီးမှူးရုံးမှ ဉီးစီးအရာရှိနှင့်ဝန်ထမ်းများ၊ မြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များက ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ခဲ့သည်။

တိုက်ကြီးခရိုင်အတွင်း မြေပြင်ကွင်းဆင်း စာရင်းကောက်ယူခြင်းလုပ်ငန်းအား ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ကော်မတီဝင်များက ဇန်နဝါရီ ၉ ရက်မှ ၃၁ ရက်နေ့ထိ ရပ်ကွက် (၂၀) ရပ်ကွက်၊ ကျေးရွာအုပ်စု (၇၅) အုပ်စုတို့တွင် ကောက်ကွက် (၂၃၈) ဖွဲ့တို့က ကွင်းဆင်းကောက်ယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စန်းကလျာခိုင် (ပြန်/ဆက်)