ကန်ပိုက်တီ ဇန်နဝါရီ ၁၇
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ကန်ပိုက်တီမြို့၊ အမှတ် (၁) ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း မေခခန်းမ၌ လူကုန်ကူးမှု/လူမှောင်ခိုမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
ရှေးဦစွာ ကန်ပိုက်တီမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လွင်က အဖွင့်အမှာစကားပြောကြားပြီး မြစ်ကြီးနားမြို့ အမှတ် (၁၂) လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့စုမှ ရဲအုပ်စိုးသူရက လူကုန်ကူးမှု/လူမှောင်ခိုမှု ခံရခြင်းမရှိစေရန် သိထားသင်သည့် အကြောင်းအရာများ၊ ပြစ်မှု၊ ပြစ်ဒဏ်များနှင့်ပတ်သက်၍ ဟောပြောခဲ့သည်။
ထို့နောက် မြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာသည့် မြို့အဆင့်ဌာနဆိုင်ရာများ၊ ဒေသဖွံ့ဖြိုးရေးကော်မတီဥက္ကဋ္ဌ ဦးယိန်းဇုံ၊ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား လူကုန်ကူးမှုအသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့သည်။
မာလ (ကန်ပိုက်တီ)