သတင်းများ

အိမ်မဲမြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jun 27,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် သစ်တောဦးစီးဌာနမှ (၂၀၂၅)ခုနှစ် ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကို လက်ပံကုန်းကျေးရွာ၌ ယနေ့နံနက်(၈)နာရီအချိန်က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ပိုင်ကျုံမြို့ တိုက်နယ်ဆေးရုံး၌  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Pfizer) စတင်ထိုးနှံပေး
Jun 27,2025
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရန်အတွက် အသက် (၁၈) နှစ်အထက် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Pfizer) ထိုးနှံပေးခြင်းကို ယမန်နေ့က ပိုင်ကျုံမြို့ တိုက်နယ်ဆေးရုံး၌ စတင်ထိုးနှံပေးခဲ့သည်။
ကျုံပျော်မြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ
Jun 27,2025
လူငယ်များမူးယစ်ဆေးဝါး၏ဆိုးကျိုးကို သိရှိရှောင်ရှားနိုင်စေရန်အတွက် ကျောင်းသားလူငယ်များထံသို့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ဇွန်လ ၂၅ ရက် ညနေ ၃ နာရီခွဲအချိန်က ဆောင်ရွက်ခဲ့သည်။
မှော်ဘီမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ လူငယ်အသိပညာပေးဟောပြောပွဲ ကျင်းပ
Jun 27,2025
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊​ မှော်ဘီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Commmunity Centre)ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် လူငယ်အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က စာပေမြတ်နိုးသူလူငယ်များနှင့် ကျင်းပပြုလုပ်ခဲ့သည်။
မိတ္ထီလာမြို့၌ စွန့်ပစ်အမှိုက်အမျိုးအစား ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေး ဆောင်ရွက်
Jun 27,2025
မိတ္ထီလာမြို့၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများအား စွန့်ပစ်အမှိုက်အမျိုးအစား ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် သရုပ်ပြသခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့နယ်၌ စာဖတ်ရှိန်မြင့်တင်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်
Jun 27,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူ၊ လူငယ် မောင်မယ်များအား အသိပညာဗဟုသုများပိုမိုတိုးပွားစေရန်နှင့် စာဖတ်ရှိန်မြင့်တင်ရေးအတွက်ရည်ရွယ်၍  အသိပညာပေးဟောပြောပွဲအား ယမန်နေ့နေ့လယ်ပိုင်းက ကန်ကြီးထောင့်မြို့နယ်၊ ခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းရှိ အမျိုးသားခန်းမတွင် ပြုလုပ်ခဲ့သည်။
ခရမ်းမြို့ အထက(၂)ကျောင်းတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲပြုလုပ်  
Jun 27,2025
ရန်ကုန်တိုင်းဒေသကြီး၊သန်လျင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ခင်နှင်း‌ဝေနှင့်ဝန်ထမ်းများသည် မြို့နယ်အတွင်းရှိအခြေခံ ပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါး၏ဆိုးကျိုးများနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်းကိုသိခြင်းအားဖြင့် ရှောင်ရှားနိုင်စေရန်ရည်ရွယ်၍ ဇွန်လ ၂၆  ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ဇွန်လ ၂၅ ရက်နေ့နံနက် ၁၁ နာရီအချိန်က ခရမ်းမြို့ အ.ထ.က (၂)ကျောင်းတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
ကျုံပျော်မြို့နယ်၌ မျိုးစေ့ထုတ်စိုက်ပျိုးခြင်းနှင့် (RTOP)စမ်းသပ်ကွက် စိုက်ပျိုးခြင်းပြုလုပ်
Jun 27,2025
၂၀၂၅ ခုနှစ် မိုးစပါးရာသီတွင် အောင်နိုင်တိုးစပါးမျိုးသစ် မျိုးစေ့ထုတ်စိုက်ပျိုးခြင်းနှင့် (RTOP)စမ်းသပ်ကွက် စိုက်ပျိုးခြင်းအခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ် မြေရဲတောင်အုပ်စုတောင်သူ ဦးပြုံးချို၏  လယ်မြေလေးဧက၌ ယမန်နေ့နံနက် ၈ နာရီက ပြုလုပ်သည်။