အိမ်မဲ ဇွန် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် သစ်တောဦးစီးဌာနမှ (၂၀၂၅)ခုနှစ် ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကို လက်ပံကုန်းကျေးရွာ၌ ယနေ့နံနက်(၈)နာရီအချိန်က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုကဲ့သို့ဆောင်ရွက်ရာ၌ အိမ်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးအောင်သွင်စိုးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ ကျွန်းပင် (၅၀)၊ မန်ဂျန်ရှားပင် (၂၀၀) စုစုပေါင်း အပင် (၂၅၀)အား တစ်ပြိုင်တည်း စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
အိမ်မဲမြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် ယခုလ(၅)ရက်နေ့ကလည်း ဘုရားကြီးကုန်းကျေးရွာ၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အဖြစ် မိုးရာသီသစ်ပင်စိုက်ပျိုးခဲ့ကြောင်းနှင့် ယခုအကြိမ်စိုက်ပျိုး သည်မှာ ဇူလိုင်လ (၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတုညီညွတ်မျှတစေရေး၊ အရိပ်အာဝါသနှင့် မျက်စိပဒါသ အကျိုးများ ရရှိစေရေးအတွက်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ချစ်သက်လယ်