ကျုံပျော် ဇွန် ၂၇
၂၀၂၅ ခုနှစ် မိုးစပါးရာသီတွင် အောင်နိုင်တိုးစပါးမျိုးသစ် မျိုးစေ့ထုတ်စိုက်ပျိုးခြင်းနှင့် (RTOP)စမ်းသပ်ကွက် စိုက်ပျိုးခြင်းအခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ် မြေရဲတောင်အုပ်စုတောင်သူ ဦးပြုံးချို၏ လယ်မြေလေးဧက၌ ယမန်နေ့နံနက် ၈ နာရီက ပြုလုပ်သည်။
အခမ်းအနားသို့ ကျုံပျော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်း၊ ဝန်ကြီးဌာနကိုယ်စားပြုခရိုင်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းနောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်တိုးမြင့် ကော်မတီဝင်များ၊ စိုက်ပျိုးရေးဦးစီးမှူး ဦးသန်းဇော်ထိုက်နှင့် ဝန်ထမ်းများ၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှူး ဦးမင်းညွန့်ဇင်နှင့် ဝန်ထမ်းများ တောင်သူများ စုစုပေါင်းအင်အား ၅၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။
ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက စိုက်ခင်းနှင့် ကြဲခင်းစိုက်ပျိုးခြင်း၏ အားနည်းချက် အားသာချက်များအား ရှင်းလင်းပြောကြားပြီး၊ စိုက်ပျိုးရေးဦးစီးမှူးက အောင်နိုင်တိုးစပါးမျိုးသစ်၏ အရည်အချင်းလက္ခဏာများနှင့် RTOP စမ်းသပ်ကွက်ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအားပြောကြားကာ အောင်နိုင်တိုး စပါးမျိုးသစ်စိုက်ပျိုးနေမှုနှင့် RTOP စမ်းသပ်ကွက် စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)