မိတ္ထီလာမြို့၌ စွန့်ပစ်အမှိုက်အမျိုးအစား ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေး ဆောင်ရွက်

မိတ္ထီလာ ဇွန် ၂၇

မိတ္ထီလာမြို့၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများအား စွန့်ပစ်အမှိုက်အမျိုးအစား ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် သရုပ်ပြသခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများအား စွန့်ပစ်အမှိုက်များအား စနစ်တကျ စွန့်ပစ်တတ်စေရန်နှင့် စွန့်ပစ်အမှိုက်များအကြောင်း သိရှိစေရန် စွန့်ပစ်အမှိုက် အမျိုးအစားခွဲခြား စွန့်ပစ်ခြင်းဆိုင်ရာများကို ခရိုင်ပတ်ဝန်းကျင်ထိန်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးစန္ဒာ အသိပညာပေး ဟောပြောပြီး အဆိုပါ ဝန်ထမ်းများနှင့်အတူ လက်တွေ့သရုပ်ပြသခြင်းကို ဆောင်ရွက်ရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးထက်ဇော်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ချမ်းသာ