မင်းလှမြို့တွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများကို ကာကွယ်ဆေးထိုးနှံပေး

မင်းလှ ဧပြီ ၂၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ကျန်းမာရေးဦးစီးဌာနက ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် နိုင်ငံဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို အမှတ်(၆)ရပ်ကွက်၊ မြို့လယ်ဓမ္မာရုံ၌ ဧပြီ ၂၅ ရက်နံနက် ၉ နာရီချိန်ကဆောင်ရွက်ပေးခဲ့သည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်ဆရာဝန်ကြီးဒေါက်တာလှဝင်းနှင့် ကျန်းမာရေးဝန်ထမ်းများက နံနက် ၉ နာရီမှ ၁၂ နာရီချိန်ထိ ကာကွယ်‌လေးကြိမ်ထိုးနှံပြီးသူများကို  ပဉ္စမအကြိမ်ထပ်ဆောင်းကာ ကွယ်ဆေး Booster Dose ထိုးနှံပေးခြင်း၊ ကာကွယ်သုံးကြိမ်ထိုးနှံပြီးသူများကို  စတုတ္တအကြိမ်ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်း၊ ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသူများကို ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်း၊ကာကွယ်ဆေးတစ်ကြိမ်ထိုးနှံပြီးသူများကို ဒုတိယအကြိမ်ထိုးနှံပေးခြင်း၊ ကာကွယ်ဆေးလုံးဝမထိုးနှံရသေးသူများကို ပထမအကြိမ်ထိုးနှံပေးခြင်းတို့ကို ဆောင် ရွက်ပေးလျက်ရှိသည်။

မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာတွင် ကာကွယ်ဆေးရာနူန်းပြည့်ထိုးနှံနိုင်ရေးအတွက် ဆက်လက်ကွင်းဆင်းထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

 ပေါက်စ (ပြန်/ ဆက်)