သိန္နီမြို့၌ အပူဒဏ်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများအား မြေစိုက်နံရံကပ်ပြဘုတ်၌ ပြသ

သိန္နီ ဧပြီ ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ သိသင့်သိထိုက်သော အသိပညာဗဟုသုတများ ရရှိစေရေးအတွက် ရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် လစဉ်အသိပညာပေး အကြောင်းအရာများကို ပြသပေးလျက်ရှိရာ  အပူရှိန်မြင့်မားလာသော ဧပြီလတွင် အပူဒဏ်ကာကွယ်ရေး အသိပညာပေး အကြောင်းအရာများကို ပြသထားကြောင်း သိရသည်။

အဆိုပါ မြေစိုက်နံရံကပ်ပြဘုတ်တွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် အပူဒဏ်အန္တရာယ် ကာကွယ်ရေးနှိုးဆော်ချက်၊ ကြိုတင်ကာကွယ် အပူဒဏ်အန္တရာယ် လိုက်နာဆောင်ရွက်ရန် အချက်များ၊ ရှောင်ကြဉ်ရန်အချက်များ၊ သတိပြုရမည့် အပူဒဏ်အန္တရာယ်များ၊ အရေးပေါ် ရှေးဦးပြုစုခြင်း၊ ကလေးများတွင် အပူဒဏ်ကြောင့် ဖြစ်တတ်သောရောဂါများ၊ အပူဒဏ်ကြောင့် သတိလစ်ခြင်း လက္ခဏာများ စသည့် အကြောင်းအရာများပါဝင်ရာ ပြည်သူများက စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)