သတင်းများ

ညောင်ဦးမြို့ နတ်သမီးကမ်းပါး သာယာဝတီသင်္ဘောဆိပ် ဧရာဝတီမြစ်အတွင်း ရေဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းသရုပ်ပြသမှုပြုလုပ်
Jun 30,2025
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ခရိုင်/မြို့နယ် မီးသတ်ဦးစီးဌာနက ဦးဆောင်ကျင်းပသည့် ညောင်ဦးမြို့နယ် နတ်သမီးကမ်းပါး သာယာဝတီသင်္ဘောဆိပ် ဧရာဝတီမြစ်အတွင်း ရေဘေးသဏ္ဍာန်တူ ဇာတ်တိုက် လေ့ကျင့်မှုသရုပ်ပြသခြင်း အခမ်းအနားကို ဇွန် ၃၀ ရက်၊ ၉နာရီအချိန်က ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများ၊ ညောင်ဦးခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊  လူမှုရေးအသင်းအဖွဲ့များ၊ ဖိတ်ကြားထားသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် Biometric ကောက်ယူခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jun 30,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့"ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယနေ့နံနက် (၉:၀၀) နာရီအချိန်က စစ်ပင်တောင်ရပ်ကွက်၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲ ကျင်းပ
Jun 30,2025
အားကစားနှင့်လူငယ်ရေးရာ၀န်ကြီးဌာနနှင့် မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် (2025 International Olympic Day) ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲကို ဇွန် ၂၈ ရက် နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗန်းရှင်းစင်တာ (MCC) ခန်းမ၌ ကျင်းပသည်။
ရန်ကုန်တိုင်းဒေသကြီး၌ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပ
Jun 30,2025
ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်လူငယ်ရေးရာအထောက်အကူပြု လုပ်ငန်းကော်မတီမှ ပညာရေးကော်မတီကဦးစီး၍ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး အသိပညာပေးဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းတွင် သာကေတမြို့နယ်ရှိ လူငယ်စင်တာ၌ ကျင်းပသည်။
ဟံမြင့်မိုရ်ကျေးရွာအခြေခံပညာအထက်တန်းကျောင်း မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ပျိုးပင်ပေါင်း  ၅၀၀ စိုက်ပျိုး 
Jun 30,2025
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်သစ်တောဦးစီးဌာနနှင့် မြို့နယ်သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ ဒေသတွင်းစိမ်းလန်းစိုပြည်စေရန်၊ ရာသီဥတုမျှတကောင်းမွန်စေရန်၊ အပူဒဏ်လျော့နည်း သက်သာစေရန်၊ သစ်ပင်များအားကိုယ်တိုင်စိုက်ပျိုးခြင်းဖြင့် သစ်ပင်၏တန်ဖိုးကိုသိရှိစေရန် ရည်ရွယ်၍ ၂၀၂၅ခုနှစ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို  ယနေ့နံက်ပိုင်းက ဟံမြင့်မိုရ်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပသည်။
ပလောက်မြို့၌ ဉာဏ်ရည်တုနည်းပညာကို စိုက်ပျိုးရေးတွင်အသုံးပြုခြင်း နည်းပညာပေးသင်တန်းပို့ချ
Jun 30,2025
တနင်္သာရီတိုင်းဒေသကြီး   မြိတ်ခရိုင် ပလောက်မြို့စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအား ဉာဏ်ရည်တုနည်းပညာ (AI) ကို စိုက်ပျိုးရေးလုပ်ငန်းခွင်တွင်အသုံးပြုခြင်း ပညာပေးသင်တန်း ကို ဇွန် ၂၉ ရက် နံနက် ၉နာရီက မြို့စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ဖွင့်လှစ်ပို့ချသည်။
ကော့သောင်းမြို့တွင်(ပထမ)အကြိမ် မိုးကုတ်ဝိပဿနာ ပဋိစ္စသမုပ္ပါဒ် ဟောနည်းပြောနည်း သင်တန်းဆင်း 
Jun 30,2025
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့၊ပိတောက်ရွှေဝါရပ်ကွက် ရွှေဝါဝင်းဓမ္မရိပ်သာ ကျောင်းတိုက်တွင် ဇွန်၁၅ရက်မှ ၂၉ရက်အထိ ၁၅ ရက်တာ ဖွင့်လှစ်သည့်  ပထမအကြိမ် မိုးကုတ်ဝိပဿနာပဋိစ္စသမုပ္ပါဒ်ဟောနည်းပြောနည်း သင်တန်းဆင်းပွဲကို ဇွန် ၂၉ ရက် နံနက်ပိုင်းက ကျင်းပသည်။
မန္တလေးတိုင်းဒေသကြီး  မြို့နယ်ခုနစ်ခုရှိ ငလျင်ဘေးသင့် သံဃာတော်နှင့် သီလရှင် အပါး ၁၁၁၀၀ အား ဆန်၊ ဆီ၊ ကုလားပဲလှူဒါန်း
Jun 30,2025
မန္တလေးတိုင်းဒေသကြီး၊မြို့နယ်ခုနစ်ခုရှိ ငလျင်ဘေးသင့် သံဃာတော်များ နှင့် သီလရှင်အပါး  ၁၁၁၀၀ အတွက် မန္တလေးယူနန် ဗုဒ္ဓဘာသာဘုရားကျောင်း၊ မြန်မာပြည်ဖွားတရုတ်မျိုးနွယ်စုနှင့် စေတနာ အလှူရှင်များစုပေါင်း၍ ဆန်၊ ဆီ၊ ကုလားပဲများလှူဒါန်းခြင်း အခမ်းအနားကို ဇွန်၂၉ရက်နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ်၊ မာန်အောင်ရတနာစေတီတော် ဝါခင်းကုန်းဘုရားရှိ သိန်းသန်းရတနာ သာသနာ့ဗိမာန်တော်ကြီး၌ကျင်းပရာ ငလျင်ဘေးသင့်သံဃာတော် အပါး ၁၀၆၀၀ နှင့် သီလရှင် အပါး ၅၀၀ စုစုပေါင်း ဆရာတော်၊ သံဃာတော်များနှင့် သာသနာနွယ်ဝင် အပါး ၁၁၁၀၀ အတွက် တစ်ပါး လျှင် ဆန်ခြောက်ပြည်၊ ကုလားပဲတစ်ပိဿာ နှင့် ဆီ(၅၀)ကျပ်သား တစ်ဘူးနှုန်းဖြင့်  စုစုပေါင်း တန်ဖိုးငွေကျပ် သိန်း ၆၀၀၀ ဖြစ်ကြောင်း သိရသည်။