ပျဉ်းမနားမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ လူငယ်စာဖတ်ဝိုင်းကျင်းပ

ပျဉ်းမနား ဇွန် ၂၉

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကျောင်းသား၊ ကျောင်းသူလူငယ်များအား စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များပေါ်ထွန်းလာစေရေးအတွက် လူငယ်ရေးရာအသိပညာပေးဟောပြာပွဲ၊ လူငယ်စာဖတ်ဝိုင်းများနှင့် အသိပညာပေးပြပွဲများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် လူထုအခြေပြုဗဟိုဌာန(Community Centre)၌ “လူငယ်တို့၏အောင်မြင်ရေးအတွေးအမြင်များ”ခေါင်းစဉ်ဖြင့် လူငယ်စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဒေါ်သင်းသင်းဇင်က လူငယ်စာဖတ်ဝိုင်းများ ကျင်းပဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားသည်။

ထို့နောက်စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် လူငယ်များက “လူငယ်တို့၏အောင်မြင်ရေး အတွေးအမြင်များ”ခေါင်းစဉ်ဖြင့် အသီးသီးပါဝင်ဆွေးနွေးကြရာ လူငယ်စာဖတ်ဝိုင်းသို့တက်ရောက်လာကြသည့် စာရေးဆရာ/ဆရာမများက ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြပြီး လူငယ်များ၏အောင်မြင်ရေးနှင့်ပတ်သက်၍ သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြားဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

မျိုးသီဟ