မင်းတုန်း ဇွန် ၂၉
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့၌ မြို့နယ်လျှပ်စစ်မှူးနှင့် ဝန်ထမ်းများသည် ယနေ့နံနက် ၇ နာရီခွဲက ပြည်သူများအန္တရာယ်ကင်းရှင်းစွာ လျှပ်စစ်ဓာတ်အား အသုံးပြုနိုင်ရန် မြို့နယ်စည်ပင်သာယာရေးဈေးတွင် ပြည်သူများအား လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါလက်ကမ်းစာစောင်တွင် ဓာတ်အားသုံးစွဲသူများ အစဉ်သတိပြုရမည့်အချက်များ၊ အိမ်သုံးလျှပ်စစ်ပစ္စည်းများ အသုံးပြုရာတွင် လိုက်နာရမည့်အချက်များ၊ လျှပ်စစ်အန္တရာယ် ဖြစ်စေနိုင်သောအချက်များနှင့် မိမိအိမ်ရှိ မီးခလုပ်၊ မီးပလပ်များစစ်ဆေးရမည့် အကြောင်း အရာများ ပါဝင်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)