ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘက်ရဲမြို့၊ ကိုအင်းကျေးရွာတွင် မိုးရာသီသစ်ပင်စိုက်ပွဲတော်ကျင်းပ

ကြံခင်း ဇွန် ၂၉

ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ (World Rural Development Day) အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့၊ ကိုအင်းကျေးရွာရှိ ကွင်းအမှတ် ၁၅၄ ကုန်ထုတ်လမ်းဘေးဝဲယာ တွင် ယနေ့နံနက် ၈ နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကိုအင်းကျေးရွာတို့ ပူးပေါင်းပြီး မိုးရာသီသစ်ပင်စိုက်ပွဲတော်ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးယဉ်မင်းဦး၊ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကို၊ သစ်တောဦးစီးဌာန၊ ဘက်ရဲဘိနယ်တာဝန်ခံ တောအုပ်ကြီး ဦးလှဝင်း တို့က ဘက်ရဲမြို့ရှိ ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများအား ပျိုးပင်များ အသီးသီးပေးအပ်ပြီး ကိုအင်းကျေးရွာ ကုန်ထုတ်လမ်း ဘေးဝဲယာရှိ သစ်မှတ်နေရာများတွင် တစ်ပျော်တစ်ပါးသစ်ပင်များ စိုက်ပျိုးကြသည်။

အဆိုပါကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျွန်းပင် ၁၅၀ အား စုစုပေါင်း အင်အား ၈၀ ကျော်ဖြင့် တစ်ပျော်တစ်ပါး စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း