သတင်းများ

သထုံမြို့၊ သာသနာ့ရောင်ခြည် ဗုဒ္ဓစာပေပြန့်ပွားရေးအသင်းကြီး၏ အခြေခံအဘိဓမ္မာသင်တန်းခွဲ ဖွင့်လှစ်
Jun 30,2025
မွန်ပြည်နယ်၊ သထုံမြို့ သာသနာ့ရောင်ခြည် ဗုဒ္ဓစာပေပြန့်ပွားရေးအသင်းကြီး၏ အခြေခံအဘိမ္မာသင်တန်းခွဲအဖြစ် ဘဝအသုံးချကိုယ်ကျင့်အဘိဓမ္မာ မျှဝေခြင်းအစီအစဉ်ကို လိပ်အင်းရပ်ကွက်၊ ရွာဦးရှိ သုဝဏ္ဏဘူမိဝိမုတ္တိဉာဏဒဿနစေတီတော်မြတ်ကြီးဓမ္မာရုံ၌ ယမန်နေ့ ညနေ ၅ နာရီခွဲအချိန်က စတင်ဖွင့်လှစ်ခဲ့ကြသည်။
ပွင့်ဖြူမြို့နယ်၌ ငရုတ်သီးနှံ ခိုင်မာသော ဈေးကွက်ရရှိရေးနှင့် အရည်အသွေးမြင့်သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေး ဒေသခံတောင်သူများနှင့် တွေ့ဆုံဆွေးနွေး
Jun 30,2025
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် တောင်သူအကျိုးဆောင်အသင်း(FFA)နှင့် W7 ကုမ္ပဏီတို့ ပူးပေါင်းပြီး ဒေသတွင်းရှိ ငရုတ်စိုက်ပျိုးတောင်သူများအတွက် ခိုင်မာသောဈေးကွက်ရရှိရေးနှင့် အရည်အသွေးမြင့်သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် ဒေသခံတောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ဇွန်လ ၂၈ ရက်နေ့က ပွင့်ဖြူမြို့နယ် ရွှေလှေကျေးရွာနှင့် သမော်အင်းကျေးရွာတို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မန္တလေးမြို့တွင် ခရိုင်၊ မြို့နယ်၊ ရပ်ကွက်ကျေးရွာပြည်သူ့စာကြည့်တိုက်များသို့ စာအုပ်များလှူဒါန်း
Jun 30,2025
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ခရိုင်၊မြို့နယ်၊ ရပ်ကွက်ကျေးရွာ ပြည်သူ့စာကြည့်တိုက်များသို့ စာအုပ်လှူဒါန်းပွဲ ကျင်းပခဲ့သည်။
သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ပြိုင်ပွဲများပြုလုပ်
Jun 30,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  ပြည်သူ့စာကြည့်တိုက်ကလေးစာဖတ်ခန်းတွင် ယနေ့နံနက် ၉ နာရီအချိန်က  ပြိုင်ပွဲများပြုလုပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ်၌ အခြေခံပညာကျောင်းများရှိ ပညာရေးဝန်ထမ်းများအား ဆေးစိမ်ခြင်ထောင်များ ဖြန့်ဝေ
Jun 30,2025
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်ရှိ အခြခံပညာ (ထက်.လယ်.မူ)ကျောင်းများမှ ပညာရေးဝန်ထမ်းများအား ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ငှက်ဖျားရောဂါတိုက်ဖျက်ရေးဌာနက ဆေးစိမ်ခြင်ထောင်များ ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် မြို့နယ်ပညာရေးမှူးရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျိုက်မရောမြို့ မြို့မစျေးကြီး၌ အမှိုက်ခွဲခြားစွန့်ပစ်နည်းအသိပညာပေးသရုပ်ပြပွဲ ဆောင်ရွက်
Jun 30,2025
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ကကြီးမှူး၍ စွန့်ပစ်အမှိုက်များ ခွဲခြားစွန့်ပစ်နိုင်စေရန် ဈေးသူ၊ ဈေးသားများအား အသိပညာပေး လက်တွေ့သရုပ်ပြပွဲကို ယနေ့နံနက် ၈ နာရီက မြို့မဈေးကြီး၌ ပြုလုပ်ခဲ့သည်။
တာချီလိတ်မြို့နယ်၌ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jun 30,2025
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမှတ်(၂)သတ္တုတွင်းလုပ်ငန်းနှင့် ရွှေသတ္တု အလတ်စား ထုတ်လုပ်မှုလုပ်ငန်း သဘောတူစာချုပ် ချုပ်ဆိုထားသော ရှမ်းပြည်နယ် (အရှေ့ပိုင်း)တာချီလိတ်မြို့နယ်၊ နားယောင်းကျေးရွာအုပ်စုရှိ အောင်ဝန်းနေကုမ္ပဏီ (SETCL-20) လုပ်ကွက် ပုံချက်ကွင်းဟောင်းပေါ်နှင့် လွယ်ခမ်းလုံ ကုမ္ပဏီ(SETCL- 40,10,11)၊ လင်းလျှံထက် ကုမ္ပဏီ (SETCL-12)လုပ်ကွက်ရှိ စွန့်ပစ်မြေစာပုံများပေါ်တွင် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး Mobile စနစ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်း
Jun 30,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိရေး၊ စာပေမှရရှိသည့် ဗဟုသုတများ ရရှိရေး၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတ တိုးပွားစေရေးအတွက် စဉ်ဆက်မပြတ် စာအုပ်စာစောင်များကို အခမဲ့ငှားရမ်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီအချိန်က လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းသို့ Mobile စနစ်ဖြင့် စာအုပ်စောင်များ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။